၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၃ အစည်းအဝေး တက်ရောက်
မုံရွာ ၊ နိုဝင်ဘာ ၃၀
တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအားလုံး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်းဆိုင်များနှင့် MSMEs လုပ်ငန်းများအားလုံးအတွက် အကျိုးအမြတ်များရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၃ အစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေး သို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ် ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ တင်ပြချက်၊လိုအပ်ချက်များကို တာဝန်ရှိ သူများနှင့်ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကဏ္ဍ များစွာနှင့် ပတ်သက်ဆက်နွယ်မှုရှိသည့်အတွက် ပါဝင်လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍအားလုံး အတွက် အကျိုးအမြတ်ရှိစေမှာ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည်စီးပွားရေးအား အထောက် အကူပြုသည်သာမက ခရီးသွားများနှင့် ဒေသခံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေး မှုအမွေအနှစ်၊ သဘာဝအမွေအနှစ်များကိုလည်း ထိန်းသိမ်းရာရောက်သည့်အတွက် အရေးပါ သည့်ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊တည်းခိုရိပ်သာများ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် လိုက်လျောညီထွေရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်းအဖြစ် အောင်မြင်လာ မှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီး သွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၁၀/၂၀၂၃ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်း ဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသ များပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံ ရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၁၀/၂၀၂၃ တက်ရောက်
မုံရွာ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၁၀/၂၀၂၃ ကို နိုဝင်ဘာ လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်း ပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတို့ အားမျှော်မှန်းထားသည့်အတိုင်း ဝင်ရောက်လာနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ခွင့်ပြုမိန့်ပေးထားသည့် လုပ်ငန်းများ၏ Permit ပေးထားသည့် အချိန်၊ အဆိုပါလုပ်ငန်း၏ စီးပွားဖြစ်စတင်သည့်နေ့၊ လုပ်ငန်းအမျိုးအစား၊ တည်ဆောက်မှု အခြေအနေ၊ လည်ပတ်မှုအခြေအနေ သို့မဟုတ် ယာယီရပ်ဆိုင်းမှုများအား စနစ်တကျ ပြုစုကြပ် မတ်ထားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးမြှင့်တင်နိုင်ရန် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအားဖွဲ့စည်းပြီး အရှိန်အဟုန်မြှင့်ကာ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ DICA အနေဖြင့်လည်း MSME လုပ်ငန်းများ၏ ထုတ်ကုန်များအား နိုင်ငံခြားတင်ပို့ရောင်းချနိုင်ရေးအတွက် MSME လုပ်ငန်းများကို ကုမ္ပဏီ တည်ထောင်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်း များအား ကုမ္ပဏီထူထောင်ရာမှတစ်ဆင့် MSME လုပ်ငန်းများအတွက် နည်းပညာရရှိရေး၊ အရင်းအနှီးငွေရရှိရေးအတွက် နိုင်ငံခြားကုမ္ပဏီတွေနှင့် ချိတ်ဆက်ပေးသွားကြရန် မှာကြားလို ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန်အတွက် စိတ်ဝင် စားလို့လာရောက်ဆက်သွယ်သည့် လုပ်ငန်းရှင်များအား အဖက်ဖက်မှ ဝိုင်းဝန်းကူညီသွားကြရန်
နှင့်ရင်းနှီးမြှုပ်နှံရန် လာရောက်ဆက်သွယ်သည့် လုပ်ငန်းရှင်များအား မိမိတို့တိုင်းဒေသကြီး အတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ လွယ်ကူချော မွေ့စွာဆောင်ရွက်နိုင်ရေးကို အထူးအလေး ထား ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Taw Win Myanmar Sanyu Co.,Ltd မှ ကေ်ာမတီအတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှုပမာဏ ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် နိုဝင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



