slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မိမိတို့တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်စီးရေ စုစုပေါင်းမှာ (၄၉၅၅၀၆)စီးရှိခဲ့ပြီး ယင်းတို့တွင် မော်တော်ဆိုင်ကယ် (၄၄၉၀၀၉)စီး ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်စီးရေ ပါဝင်မှုမှာ (၉၁)ရာခိုင်နှုန်း  ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ယာဉ်တိုက်ခိုက်မှု (၁၂၁) မှုဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း အဆင့်(၁၄) တွင်ရှိခဲ့၍ ယာဉ်တိုက်ခိုက်မှုများတွင်  မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့်နှုန်းသည်(၃၃.၈၈) ရာခိုင်နှုန်း ရှိပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဆိုသည်မှာ ကြိုတင်မျှော်မှန်းလို့မရနိုင်သလို လုံးဝမဖြစ်ပွားရအောင် တားဆီးလို့ မရဘဲ လူတစ်ဦးချင်းစီမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှသာ ယာဉ်အန္တရာယ် လျော့ပါးကင်းဝေးမည် ဖြစ်ပါကြောင်း၊  ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှုသည်(၉၄) ရာခိုင်နှုန်းခန့်ပါဝင်ပြီး ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ လမ်း ဒီဇိုင်း၊ လမ်းအဆင့်အတန်းများသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ဆက်စပ်ပါဝင်နေ၍ လမ်းများအား စတင် တည်ဆောက်ချိန်မှစ၍ Road Safety အတွက် ထည့်သွင်းစဉ်းစားပြီး၊ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပကြောင်း၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခါတွင် အရေးပေါ်ပြုစုစောင့်ရှောက် ရန် လိုအပ်နေသည့် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသရန်နှင့် ကူညီစောင့်ရှောက်ရန်အတွက် Post Crash on the Spot အနေဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ထိရောက်မြန်ဆန်မှုရှိစေရေးအတွက် လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ Road Safety ဆိုင်ရာ သိမြင်နားလည်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု၊ လမ်းများ၏လုံခြုံစိတ်ချရမှု၊ ယာဉ်မောင်းသူများအပါအဝင် လမ်းအသုံးပြုသူအားလုံး၏ စည်းကမ်းလိုက်နာမှုများနှင့် အဘက်ဘက်မှဟန်ချက်ညီညီပါဝင်လာမှသာ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ ပြည့်ဝအောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်တို့က တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား  ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးတို့က ယာဉ်မှတ်ပုံတင်ထားရှိမှု၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးထားရှိမှု၊ ယာဉ်တိုက်မှု၊ ဖမ်းဆီးအရေးယူမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့်        ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြကာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင် အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

viber_image_2023-09-25_14-17-33-759.jpgviber_image_2023-09-25_14-17-34-159.jpgviber_image_2023-09-25_14-17-48-318.jpg

( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်း သွေးလှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်

မုံရွာ ၊ စက်တင်ဘာ ၂၃

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ကြီးမှူး၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်‌ ဆေးဝါးတားဆီးကာကွယ်‌ ရေး တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသွေး လှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ပြည်သူ့ဆေးရုံကြီးအတွင်း၊  အပြင်  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ပြည်သူ့ဆေးရုံအတွင်း သလ္လာရတနာ ခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီးနောက် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းနိုင်က ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် သွေးလှူဌာနတွင် စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှု့ကာ သွေးလှူစေတနာရှင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အာဟာရဖြည့် ကြက်ဥ၊ပဲနို့ နှင့် အချိုရည်တို့ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပါသည်။အဆိုပါ ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုများမှ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၃၇ ဦး၊ တပ်မတော်စစ်‌ဆေးရုံတွင် ၄၇ ဦး၊စုစုပေါင်း  ( ၈၄ )ဦး စုပေါင်း သွေးလှူခဲ့ကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ စုစုပေါင်း ၂၅၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

0-02-06-21d33469af93b4b229088f75452c269ad09df7b97ca3712340e55d4ac00cd4e9_aca587c35c7f391.jpg

0-02-06-1fc61aed60e9cafde69b3fa0c492355cc488343991769d17a1b884563cf6c7bf_efb326c9d13dbe9f.jpg

0-02-06-2f782d5d3a2523d8e0e78dfbb2e0e25b54d49350435f062ba39a34844a2f6e8a_300995715d5c4e77.jpg

0-02-06-ded968ccf55aaf5bf4c7ed46ffaf9e17535469f19410428fd53a51f6db54b859_70b41ebd9e5a506e.jpg

0-02-06-6a332c9844f3c273f41c9a5a1b512aa5437457b599dc96342ea335ea2fe314e0_8e0514260e89c588.jpg

0-02-06-dbef71b4a6656b2d9b13ac6690b5ccb358c0ad07bbc93a978c65b0f4fc379f8d_76daf24a23533c4d.jpg

0-02-06-701b1a3ab775ed0be2762181fd20b516d6499200e85415e4bb50d64912c8ffce_4ee1dc31f6a14f49.jpg

0-02-06-c360b2e34a8c08ef18f0ced61875cdafbfc337749f9cd8740e3345fc8c8a26dd_be011e22ec74273d.jpg

0-02-06-04df63dae63a37b17142e7c9fd078bb2f111aa93a94faf7fd8433537ada7ac47_c5bdb0e50897b81.jpg

0-02-06-b9ca058bdcdddb04b249fb158804fd178ece2e12029d2dac30f3b6dc8e2a8fe5_908170cf183b0942.jpg

0-02-06-216349a1a4c2a31dd2e20215ab0180087767fcffc06d6b3c1a4b64121988c034_c8fbffeb132fc884.jpg

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.