slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ ၊ နိုဝင်ဘာ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး အသင်းအုပ်ချုပ်သူများထံ ထောက်ပံ့ငွေကျပ် သိန်း ၅၀ နှင့် အောင်နိုင်ရေးအလံအားပေးအပ်ပြီး တိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲများဝင် ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မင်္ဂလာစစ်ကိုင်း၊ ကျောက်မျက်ရတနာဈေးသို့ ရောက်ရှိရာ စစ်ကိုင်းမြို့၊ ပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးသည့် MSMEs လုပ်ငန်းများမှ အဓိက ထုတ်ကုန်များ ဖြစ်သည့် ကျောက်စိမ်းပုတီး၊ လက်ကောက်၊ ဆွဲသီး၊ ဆွဲကြိုး၊ လက်ပတ်များအား ဈေးကြီး အတွင်းစည်ကားစွာဖြင့် ရောင်းချနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လာရောက်ဝယ်ယူကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဘော်လီဘောနှင့်စားပွဲတင်တင်းနစ် ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

20231121 01

20231121 02

20231121 03

20231121 04

20231121 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင် တန်းများ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေ ဖြင့်မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဟိုတယ်/တည်းခိုရိပ်သာပတ်ဝန်းကျင် အမြဲသန့်ရှင်းသာ ယာလှပရေး၊ စိမ်းလန်းစိုပြေရေးအတွက်လည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိမှသာ အဆင့်အတန်းအရည်အသွေးမြင့်မားသည့် ဟိုတယ်/တည်းခိုရိပ်သာများအဖြစ် နာမည်ရရှိလာမည် ဖြစ်ပါကြောင်း၊

သင်တန်းသား/သူများကလည်း မိမိတို့လက်ရှိနေရာတွင် ရပ်နားမနေပဲ နောက်တစ်ဆင့် မြှင့်သည့် ပညာရပ်များအား စဉ်ဆက်မပြတ်လေ့လာသင်ယူသွားကြရန်နှင့် ဘက်စုံစွမ်းဆောင် ရည်ရှိနေရန်အတွက် ယခုလိုသင်တန်းမျိုးတွင် ကြိုးစားအားထုတ်လေ့ကျင့်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှပို့ချပေးမည့် ဝန်ဆောင်မှုဆိုင်ရာ ပညာရပ်များအား အပတ်တကုတ် လေ့လာ ဆည်းပူးသွားကြရန်၊ သင်တန်းမတက်ရောက်နိုင်သေးသည့် လုပ်ဖော်ကိုင်ဖက်များ ကိုလည်း ဆင့်ပွားသင်ကြားပေးနိုင်သည့် အဆင့်ရောက်အောင် လေ့လာသင်ယူသွားကြရန်နှင့် ရှိပြီးသားအရည် အသွေးများအား ယခုသင်တန်းမှသင်ကြားပို့ချပေးမည့် ပညာရပ်များဖြင့် ပေါင်းစပ်၍ မိမိတို့၏ အရည်အသွေးများကို မြှင့်တင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ် သက်၍ လည်းကောင်း၊ မန္တေလးမြို့၊ SKy Team Academy သင် တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်အောင်က သင်တန်းတွင်သင်ကြားပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြား ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ရိုက်ကူးထားသည့် ” ဇေယျာရွှေမြေသို့ ခရီးသွားခြင်း ” အစီအစဉ်ပါ ခရီးစဉ်ဒေသနောက်ခံအရုပ်များဖြင့်သီချင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။

အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၆၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁၀ ရက်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

20231121 01

20231121 02

20231121 03

20231121 04

20231121 05

20231121 06

20231121 07

20231121 08

20231121 09

20231121 10

20231121 11

20231121 12

20231121 13

20231121 14

20231121 15

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.