slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး တက်ရောက်

မုံရွာ ၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)ကို စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအပြည့်အဝရှိရန် လိုအပ်ပါ၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးစေရေးကို ခရိုင်/မြို့နယ်များတွင် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိများအနေဖြင့် ပေးအပ်ထားသည့်တာဝန် ရှိများကို ကျေပွန်အောင်ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအသီး သီးရှိဝန်ထမ်းများသည် ပြည်သူများ၏အကျိုးကိုဖော်ဆောင် ပေးနိုင်ရမည်ဖြစ်၍ ပြည်သူ့အကျိုး နှင့်ပတ်သက်လာပါက မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကာ အကောင်အထည်ဖော်မှုများပေး သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများနှင့်အညီ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်တွင် လည်း အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မိမိတို့ခရိုင်/မြို့နယ်များ အတွင်းဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်သွားကြရန်နှင့် စားအုံးဆီများအား သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အမှန်တကယ်စားသုံးမည့်  ပြည်သူများလက်ဝယ် အရောက် ရောင်းချပေးရေးကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-469b90e535618d4cd703aa48d9ea215d9ec7e7e71477213c79122b5b2a2d8b4b_a3e0713a9d2d3a5a.jpg

0-02-06-c0a96c91a53e209b953acb9c63cbfce5013b9b88b174c3a5b27abf7f848e749f_66cd6e96c0dfa0f0.jpg

0-02-06-df74123545ebbc93bf8bba8d5aca47171dff3ba0f4b96268ac9779351098ce79_ce836750dcd36449.jpg

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက် များသို့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုး ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာ ရေးဆိုင်ရာများလျှောက်ထား

မုံရွာ ၊ စက်တင်ဘာ ၁၉

မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများတွင် ဝါတွင်းကာလအတွင်း သီတင်းသုံးနေကြသော ဆရာတော်၊သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ် သော ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ  ( ၅ ) မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လယ်တီတိုက်သစ်ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီခံယူဆောက်တည်ကြပြီး ပင့်သံဃာ ဆရာတော်ကြီး များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီး များထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။  ဆက်လက်၍ လယ်တီတိုက်သစ် ကျောင်းတိုက် ဘဒ္ဒန္တသုနန္ဒ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လယ်တီတိုက်သစ်ကျောင်းတိုက် ဆရာတော်ကြီးနှင့် သံဃာတော်၊ အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်ရှိ တော်ဝင်ဘုံစံ ကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တနန္ဒိယ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။ အဆိုပါ မုံရွာ မြို့ပေါ်ရှိ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် တော်ဝင်ဘုံစံကျောင်းတိုက်များရှိ ဆရာတော်၊ သံဃာတော် ၃၈ ပါးအတွက် ၁ လစာ ဆွမ်းဆန်တော် – ၁၂ အိတ်၊ ဆီ – ၂၂ ပိဿာ ၊ ဆား – ၉ ပိဿာ ၊ ကုလားပဲ – ၂၂ ပိဿာ နှင့် ကြာဇံ – ၉ ပိဿာ တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

0-02-06-b5867a0a70e1523aa618ba9f3818b933a15dd794cf82b37dd478aec01d24f685_38d677d0464ff9ff.jpg

0-02-06-2f2a75b71651525f2617fcef71436b4a19a4f15187ca9c892f2c70dbe1f6ed7d_c48af6680126a19.jpg

0-02-06-84da8ad7a3127af284a2564ce1b02af2f46a6aaa83152711f8ae7e680d84db90_2f0ea4558a2db2ef.jpg

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.