၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိန်းကလေးငယ်များအား အသက် (၉)နှစ်အရွယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာ ကွယ်ဆေး(HPV)ထိုးနှံပေးခြင်းအားဖြင့် ဗိုင်းရပ်(စ်)ပိုးနှင့်စတင်ထိတွေ့ခြင်းမရှိမီအချိန် တွင်ကြိုတင်ကာကွယ်ထားနိုင်ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေး ရည်မှန်းဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ရောဂါ ကူးစက်မှုအား ကာကွယ်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၉)နှစ်မှ(၁၂)နှစ်ကြား ကျောင်း သူများနှင့် ကျောင်းပြင်ပ မိန်းကလေးငယ်အားလုံး ကိုရှာဖွေထိုးနှံပေးသွားကြရန် လိုအပ်ပါ ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထ မြောက်အဖြစ်အများ ဆုံးကင်ဆာဖြစ်ပြီး အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်သည့် အမျိုး သမီးများမှာတော့ တတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကျောင်းအခြေပြုထိုးနှံချိန်တွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသူများစာရင်းအား ပညာရေး ဌာနနှင့်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ ပြည်သူလူထုအခြေပြု သား အိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်ပူးပေါင်း၍ အကူအညီအားရယူ၍ VMIS မှ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် မိန်းကလေးများစာရင်းအားပြုစုခြင်း၊ ဆေးထိုးချိန်တွင် ဆေးထိုးစုရပ်ပြင်ဆင်ခြင်း၊ ကာကွယ် ဆေးများဖြန့်ဝေခြင်းအစရှိသည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များအား ဌာနသီးသီးမှ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သားအိမ်ခေါင်း ကင်ဆာထိုးနှံခြင်း Video Clip အား ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်း သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးနေမှု များအားကြည့်ရှုအားပေးပြီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ် များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဦးတည်ချက်(၄)ရပ်အား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံအား အတန်းလိုက်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးသွားမည်ဖြစ် ပါကြောင်း၊ စခန်းသွင်း လေ့ကျင့်သည့်ကာလအတွင်း လေ့ကျင့်မှုအပြည့်အဝရရှိစေရန် အချိန်ကို တန်ဖိုးထားပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အရည်အချင်းကောင်းများနှင့် ပြည့်စုံထူးချွန်ထက်မြက် သည့် ပြိုင်ပွဲဝင်များဖြစ်အောင် လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်ကြီးများ မှလည်း မိမိတို့၏မျိုးဆက်သစ်များအား ရွှေတံဆိပ်ဆုများ ရရှိအောင်သင်ကြား၊ ပို့ချ၊ လေ့ကျင့် ပေးသွားကြရန် ပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်အားလုံးအနေဖြင့်လည်း အနုပညာရှင် ဆရာကြီး/ဆရာမကြီးများ၏ သင်ကြားပို့ချပေးမည့် သက်မှတ်ပြဌာန်းထားသော သီချင်း အပုဒ်ရေအားလုံးအား ကျွမ်းကျင်ပိုင်နိုင်အောင် အနားမနေကြိုးပမ်း အားထုတ် သင်ယူလေ့ကျင့် သွားကာ ဇွဲ၊ စိတ်ဓါတ်ပြင်းထန်စွာဖြင့် ကြိုးစားသင်ယူ လေ့ကျင့်ပြီး ကျန်းမာရေးကောင်းမွန် နေစေရန် အနေအထိုင်၊အသွားအလာနှင့် စားသောက်မှုကိစ္စများအား အသိ/သတိရှိစွာဖြင့် နေထိုင်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆင့်မြင့်ပညာနှင့် ဝါ(ဒု) ကျား/မ အကပြိုင် ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ၁၀-၁၅၊ ဝါ(ဒု)နှင့် အဆင်မြင့်ပညာ မဟာဂီတ (ကျား/မ) အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ၁၀-၁၅ ၊ အဆင့်မြင့်နှင့် ဝါ(ဒု) ဝါ(ပ) ကျား အရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ ၁၀-၁၅ ၊အဆင့်မြင့်နှင့် ဝါ(ဒု)ကျား ဆိုင်းတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ် များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဦးစိုးမြင့်အေးက ၁၀-၁၅ ကျား/ မ အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူ များအားလည်းကောင်း၊ ပညာရေးတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော် က ၁၅-၂၀ ကျား အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ဖွံ့ဖြိုးရေးဒီဂရီ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်းက ၁၅-၂၀ မ အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ ညွှန့်စိုးက ဝါ(ဒု)၊ဝါ(ပ) အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအားလည်းကောင်း၊ သမဝါယမနှင့် စိမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ၁၀-၁၅၊ အလွတ်တန်း ကဗျာလွတ်အကနှင့် ကျေးလက်ရိုးရာ အကပြိုပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဦးကြည်စိုးက ဝါ(ဒု) ဝါ(ပ) မဟာဂီတ ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်က ၁၀-၁၅ ခေတ်ဟောင်းကာလပေါ် ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၅-၂၀ ၊ အဆင့်မြင့်၊ ဝါ(ဒု) ဝါ(ပ)၊ ခေတ်ဟောင်း ကာလပေါ် ကျား/မ ၊ အမျိုးဂုဏ်/ဇာတိဂုဏ် ကျား/မ အဆိုပြိုင် ပွဲများနှင့် ပတ္တလား၊ စန္ဒယား၊ စောင်း၊ နှဲ၊ တယော၊ ဂီတာ၊ ပုလွေ၊ ကွက်စိပ်၊ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဆုရပြိုင်ပွဲဝင်အနုပညာရှင်များက အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာ လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ပထမဆု – ၅၅ ဦး၊ ဒုတိယဆု – ၂၇ ဦး၊ တတိယဆု – ၁၅ ဦး၊ အထူးဆု – ၂ ဦး စုစုပေါင်း – ၉၉ ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။













သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



