slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောက်ပွဲတော် အခမ်းအနား တက်ရောက်

မုံရွာ ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက် သွေးကြောပင် ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုရှင်သန်လာစေရန် ချေးငွေရရှိရေး၊ ကုန်ကြမ်းရရှိရေးနှင့် လျှပ်စစ်ရရှိရေး လိုအပ်ချက်များအား ဖြေလျှော့၊ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့် အလမ်း များစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရေးနှင့် လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်လျက်ရှိပါ ကြောင်း၊ မိမိတို့တိုင်းအတွင်းမှ ဆန်၊ ဆီ၊ ပဲအမျိုးမျိုးစသည့် စားသောက် ကုန်များနှင့် အဝတ်အထည်များ၊ အိမ်သုံးနှင့်လူသုံးကုန်များထွက်ရှိရာ ယခုလိုထုတ်ကုန် ပစ္စည်းများအား ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် စီးပွားလုပ်ငန်းရှင်များအနေဖြင့်လည်း စက်ရုံ၊အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများအပေါ် မိမိတို့ ဆောင်ရွက်ပေးရန်လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် MSMEs Association of Myanmar (UMFCCI) အတွင်းရေးမှူး ဦးစိုးဟိန်းက MSMEs Development Strategy Implementation Plan ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက စက်မှုဆိုင်ရာ မှတ်ပုံတင်ရေးကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၊ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။ဆက်လက်ပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စစ်ကိုင်းစက်မှုဇုန် ဥက္ကဌနှင့် စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ရုံ၏လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လျှပ်စစ် ပစ္စည်း၊ ပရိဘောဂပစ္စည်း၊ ပလပ်စတစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊  မွေးမြူရေး ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြခန်း စုစုပေါင်း ၆၆ ခန်းအား လိုက်လံကြည့်ရှုကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြား ရပ်ကွက်ရှိ၊ Mingalar Sagaing Market တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဧရိယာစတုရန်း – ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်း ပေါင်း – ၁၀၀ ကျော်ပါဝင်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရောင်းချသွားမည့် လုပ်ငန်းအခြေအနေ များအား လိုက်လံရှင်းပြသသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက် ရေးလုပ်ငန်းများ၏ အပြီးသတ်လုပ်ငန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရပ်ကွက်နေ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်  ကုန်ပစ္စည်းများကို ဦးစား ပေးရောင်းချပေးမည့် ဈေးဆိုင်များပါဝင်သည့် ဈေးကြီးဖြစ်ရေးနှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်ရေးကို အမြဲကြပ်မတ် ထိန်းသိမ်းသွားရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

0-02-06-5af5d71dc65414a5157f993045547f9d80dbc77f3e706fc7079c5dbc14c31552_6ddadeaff1984d12.jpg

0-02-06-babf7aae392b3c37b08069386615ace2602ca78953366c7972346174caf96d71_608dd79b10c1baa6.jpg

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုည ရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူ တော်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေ

မုံရွာ ၊ စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက် အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်မြို့မိမြို့ဖများ တက် ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည် ကြသည်။ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူ များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအသီးသီးပေးအပ် လှူဒါန်း ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေနှင့် တာဝန်ရှိသူများက ပုညရှင်သာသနာ့ ဗိမာန်တည် ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းလျှောက် ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြည့်စွက် လျှောက်ထားသည်။ ဆက်လက်၍  စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား – ၁၄၉ ပေ၊ အနံ – ၆၃ ပေ၊ အမြင့် – ၅၄ ပေ တိုးချဲ့တည်ဆောက် ပြီး၎င်းအပေါ်၌ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး  တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာ သနာ့ဗိမာန်တည်ဆောက်နိုင် ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတွင် အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေကျပ် – ၅၅၁၇၄၈၆၅၀ (ငါးထောင်ငါးရာတစ်ဆယ် ခုနှစ်သိန်း လေးသောင်းရှစ်ထောင် ခြောက်ရာငါးဆယ်)ကျပ်အား လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာ၊ ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်း ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊နွေစပါးတစ်ဧက တင်းတစ်ရာကျော်ထွက်ရှိ ရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုမိမိနှင့်တာဝန်ရှိသူများ လာရောက်မှုမှာ ဒေသခံတောင်သူများ စိုက်ပျိုးလျက် ရှိသည့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းကို တစ်ဧကလျှင် ပန်းတိုင်အထွက် ပိသာ ၇၀၀ ထွက်ရှိရေး အတွက် နည်းပညာပေးကွင်းသရုပ်ပြရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးတောင်သူများ အားလိုအပ်သည့် သွင်းအားစုများထည့် သွင်းနိုင်ရေးပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မှီအချိန်ကိုက် သတ်မှတ်ချက်များနှင့် အညီ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုး ခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို အားပေးကူညီလျက်ရှိပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်အတူ  တောင်သူ ဒေါ်နှင်းဦး၏ ရွှေတောင်-၁၀၊ ချည်မျှင်ရှည် ၃ ဧက စိုက်ခင်းအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရွေ့လျားဆိုလာရေဖျန်းစက်ဖြင့် စိုက်ခင်းအတွင်းရေဖျန်း ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး စားဖိုဆောင်သီးနှံ မိုးငရုပ်စိုက်ခင်း သာမို-၁၁၊ ၃ ဧက အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေတင်နေမှုတို့အား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ Taw Win Myanmar Sanyu Co.,ltd အဆင့်မြင့်ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံနှင့် တာဝန် ရှိသူများက ဝက်များမွေးမြူထားရှိမှု အခြေအနေများနှင့် မွေးမြူရေးရုံ ၁၂ ရုံ၊ တစ်ရုံလျှင် ဝက်ကောင် ရေ ၆၀၀ ၊ စုစုပေါင်းကောင်ရေ ၇၂၀၀ အား Evaporated စနစ်ဖြင့် မွေးမြူထား ရှိမှုအား  ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ခြံအတွင်းမွေးမြူထားသော CP အမျိုးစား ဝက်များမွေးမြူထားရှိမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

0-02-06-241da96f52aedf9e449be1eabac99862372b14dc6b2077ea83b9f3e25b27b142_b36b73d112d44d3f.jpg

0-02-06-1756323e080b000c0ca3b46120a292614e63c4dbf1cd0c155623b27b1a662e4e_f2327d98590a5a32.jpg

0-02-06-e0abd65bb96ac96f1d82c51f21d9db1e51fda14a1dfcdc4b6c39c0d0f3045d57_727e2f63701d4eb1.jpg

0-02-06-add8e618b513c999e4b1a0855b9fb0c78037e9154a1f132c2da207e9e1d7430e_f7e4b98fa42580b9.jpg

0-02-06-656cb65aabab3c9b3d48a0cfffc08b628629eb6fdaf57a452981b40c18a50c30_e917389a40fe04be.jpg

0-02-06-0a8451376a57328ec3c4799b88f55a64ed72501d33ab35417b649ccc9dbb0cd9_58942031471b6aa8.jpg

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.