၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူ တော်မင်္ဂလာအခမ်းအနားနှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်း အနားနှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်း ပရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်း မဟာဘုံကထိန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံများရှိ ပြီးသားဖြစ်ကာ ယခုနှစ်အခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အဖွဲ့ဝင်များက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကိုလည်း ယုံကြည်ပါကြောင်း၊ ကော်မတီအဖွဲ့များမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်သွား ရမည့်လုပ်ငန်းများအား တာဝန်ကျေ ပွန်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အလားတူ ဒုတိယအကြိမ်အဖြစ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန်များပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာ ဝန်များအား စနစ်တကျကြိုတင်စီမံဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင် ရွက်ရမည့်လုပ်ငန်းများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များ ရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနှမှ သံဃဝေယျာဝစ္စဆောင်ရွက်ရေးနှင့် နေရာချထား ရေးလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ပဒေသာပင်လက်ခံရေးနှင့် စာရင်းပြုစုရေး အားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဖိတ်ကြား/ကြိုဆို/နေရာချထားရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆက် ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအား လည်းကောင်း၊ တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာနမှ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများအား လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယ အကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင် ရေးလုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ နှင့် အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝလျှင် ပြည့်ဝသလို ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်
မုံရွာ ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာသူနာပြု-သားဖွားသင်တန်းကျောင်း၊ သူနာပြုသား ဖွားဒီပလိုမာ (၂၉)ကြိမ်မြောက် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သူနာပြု-သားဖွား သင်တန်းကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်သူများအား မွေးထုတ်ပေးနေသည့် ယခုလိုသင်တန်းကျောင်းများတွင် လည်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပညာရည်မြင့်မားအောင်၊ အသိအလိမ္မာဖွံ့ဖြိုးတိုး တက်လာအောင်၊ ဝေဖန်ပိုင်းခြားနိုင်သည့် အသိအမြင်ရှိလာအောင် သင်ကြားလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ ဂျူတီကုတ်နှင့် ဦးဆောင်းပေးအပ်ပြီး ဆေးရုံလူနာဆောင်များတွင် တာဝန် ထမ်းဆောင်သည့်အခါ တာဝန်သိသိ၊ သစ္စာရှိရှိ၊ စည်းကမ်းရှိရှိ ယဉ်ကျေးစွာဖြင့် တာဝန်ထမ်း ဆောင်သွားကြရန် မှာကြားလိုပါကြောင်း၊ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ ၅ နာဖြင့် ပြုစုစောင့်ရှောက်မှုများပေးသွားရန် လိုအပ် ပါကြောင်း၊ သူနာပြုနှင့်သားဖွားပညာရပ်ဆိုင်ရာကျင့်ဝတ် သိက္ခာများအား တန်ဘိုးထား၍ ပြည်သူလူထုအား အရည်အသွေးကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုအား မဆုတ်မနစ် အပြည့်အဝဆောင်ရွက်မည့် ကျန်းမာရေးလူ့စွမ်းအားစုများဖြစ်သည့် သူနာပြုနှင့်သားဖွား သင်တန်းသား၊သင်တန်းသူများအား လိုအပ်ချက်နှင့်အညီ ပြည်တွင်း၌ လေ့ကျင့်မွေးထုတ်ပေး ရန်နှင့် လိုအပ်ချက်ပြည့်မှီအောင် အထူးကြိုးပမ်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ သူနာပြု ကောင်းများ ဖြစ်လာစေရန် မိမိတို့၏မွန်မြတ်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ တိုးတက်ရေး၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမက ခံယူချက်ကောင်းသည့် သူနာပြုများအဖြစ် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသား၊သင်တန်းသူများက “ ဂရုဏာအလင်း ” တေးသီချင်းဖြင့် ဖျော်ဖြေကာ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုဆုထိုက်က ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့က သူနာပြု-သားဖွားဒီပလိုမာ(ပထမနှစ်) သင်တန်းသား၊သင်တန်းသူ ၅၆ အား ဂျူတီကုတ်နှင့်ဦး ဆောင်းများ အသီးသီးအပ်နှင်းခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာဓိဌာန် ရွတ်ဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရည်ချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာသူနာပြုနှင့်သားဖွား သင်တန်းကျောင်း အတွက် ငွေကျပ်- ၁၀ သိန်းအား ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား၊သင်တန်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



