slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေး နေ့အခမ်းအနား တက်ရောက်

မုံရွာ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မုံရွာမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ဝထကလသ ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် စာမတတ်သူ များရှိနေသည့်အတွက် စာမတတ်သူများအား စာတတ်မြောက်သူများဖြစ်လာစေရေး စာတတ် မြောက်ရေးလုပ်ငန်းအား ပိုမိုထိရောက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ(၈)ရက်နေ့အား “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတတ်မြောက်ရေး လုပ်ငန်း သည် အဓိကအရေးပါပြီး ကြီးမားကျယ်ပြန့်သည့် လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ကျောင်း သင် ပညာရေး တစ်မျိုးတည်းသာမကဘဲ ပညာသင်ယူမှု နည်းလမ်းသုံးသွယ်ဖြစ်သည့် ကျောင်းတွင်း ပုံစံတကျသင်ယူခြင်း၊ ကိုယ်တိုင်သင်ယူခြင်း၊ ကျောင်းပြင်ပသင်ယူခြင်းတို့ဖြင့် စာတတ်မြောက် သူ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်မှုမှတစ်ဆင့် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာ များရရှိသည်အထိ သင်ယူမှုချဲ့ထွင်သင်ယူသွားကြရန်နှင့် စာပေကိုအခြေခံပြီး မိမိကိုယ်တိုင်အတွက် သာမက မိမိတို့၏မိသားစုအတွက်ရော နိုင်ငံ အတွက်ပါ အကျိုးပြုပေးနိုင်သည့် လူသားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးပမ်းအားထုတ် သင်ယူသွားကြရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးကျောင်းနေရေးနှင့် ကျောင်းနေ မြဲရေးအပါအဝင် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးသူငယ် များ၏ ပညာသင်ယူမှုအခွင့် အလမ်းအားနည်းချက်များ၊ အတားအဆီးများအားသိရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူအားလုံးမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် သင်ယူမှု အခွင့် အလမ်းများရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သည့် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ စာတ်မြောက်ရေးလှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်တွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း ဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မုံရွာမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ စေတနာပန်းတို့ လန်းရာမြေ ” သီချင်းသီဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက သီဆိုဖျော်ဖြေခဲ့ ကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူး ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေး ကာ ပြခန်းတွင်ပြသထားသော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆုရ စာစီစာကုံး၊ ကဗျာ၊ ပန်းချီများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-f45ebb80ea0ab9d589dfd79786a6b8ce2e52c818827bcf075043b7ff37666cae_7057bb9d9690e8.jpg

0-02-06-ae63b32ce87446d2df14af5d460fb378ae04d584c892dd5180afbb5ac1a71bff_3616f364a1516cb2.jpg

0-02-06-7039c2dc50139f60f04ef37459740437ce339103ca4a3f62998a53f37aecc8c4_ade8d10459763a5a.jpg

0-02-06-4370c34aae2054f6d340d520b9823064f9a9c61ade821149b89c847d57057b63_dbb448cc89325675.jpg

0-02-06-fc3f261cbc66c0c65e03e93b8b4186c3702941ab30ae7697c2a98ee4841e9b05_1a12e2adeef8003a.jpg

0-02-06-aa2ac63c91741e608ab0968ec9f567ea0aaf80bfdce286c82da8f5b8a004d80a_56dd919fe72361d1.jpg

0-02-06-395fa686e7c95b4d6d24a9bb0e5c28958d52db2766526d8b1df64c2a0055a931_5ffc37084c301ee9.jpg

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားနှင့် တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ စက်တင်ဘာ ၇ ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါကြွယ်ဝစေရေး၊ ပြည်သူများငါးစားသုံမှုဖူလုံ စေရေးနှင့် ငါးမျိုးစိတ်များရှင်သန်ပေါများစေရေးတို့အတွက် ရည်ရွယ်၍ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစုမျိုးသွယ်က ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ – ၂ သိန်းနှင့် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ – ၁ သိန်း၊ စုစုပေါင်းကောင်ရေ ၃ သိန်းအား ချင်းတွင်း မြစ်အတွင်း တပျော်တပါး စိုက်ထည့်ပေးခဲ့ကြပြီး ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ – ၄၂၅၀၀၀ (လေးသိန်းနှစ်သောင်းငါးထောင်) ကောင်နှင့် ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ – ၄၅၀၀၀၀ (လေးသိန်းငါးသောင်း) ကောင်၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ – ၈၇၅၀၀၀ (ရှစ်သိန်းခုနှစ်သောင်းငါးထောင်)ကောင် အား စိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူလူထု၏ စားရေရိက္ခာ ပြည့်ဝစေရေးအတွက် အဓိကကျသည့် ဆန်၊ဆီနှင့်အခြေခံ စားသောက် ကုန်ဈေးနှုန်းများတည်ငြိမ်ရေး ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန် ရည်ရွယ်၍ သား၊ငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စည်ပင်သာယာဈေးများတွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများအနေဖြင့် အလွယ်တကူ ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးမွေးမြူမှုများမှ တိုက်ရိုက် ရောင်းချခြင်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံရုံသာမကပိုလျှံမှုရှိသဖြင့် ဆန်ဈေးနှုန်းများအား သင့်တင့်မျှတပြီး တည်ငြိမ်စေရန်၊ ဈေးကစားလိုသည့်သဘောဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမဖြစ်စေရေး အားလုံးဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်ပြီး သင့်တင့်သည့် ရည်ညွှန်းဈေးနှုန်းအား သတ်မှတ်ကာ ဖြန့်ခွဲပေးထားပြီးဖြစ်၍ ဖြန့်ဖြူးသည့်အရေအတွက်နှင့် ရောင်းချသည့်ဈေးနှုန်း များ မှန်ကန်မှုရှိစေရေးတာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်ခြင်း၊ ဈေးကစား ခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ကာ ကုန်စည်အဝင်အထွက် မျှတမှုရှိ/မရှိတို့အား စောင့်ကြည့်စစ်ဆေးပေးနေရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များအား အောင်မြင် အောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စီးပွားရေးနည်း၊ စည်းရုံးရေးနည်း၊ စိစစ်ကြပ်မတ်နည်းတို့ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနများအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြပြီး ကုန်သည်လုပ်ငန်းရှင် များမှ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များ အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ အား ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-7b10d5c0675146e8563fdc67610651225682997663df42b73f217809a90d0a27_cba0f4eca5cdd943.jpg

0-02-06-7b10d5c0675146e8563fdc67610651225682997663df42b73f217809a90d0a27_cba0f4eca5cdd943.jpg

0-02-06-0187757a7f8cdf6796c30f7f8101bdaf15c0ac9c73e61f8fe3537c88d67cbe17_28f274c7480ceb87.jpg

0-02-06-444ca36dbe950bd829e12ed730cca1cc86f40f214e99a75d6f450a92bf36e6e4_d685990532fa16a1.jpg

 

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.