၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားနှင့် လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
မုံရွာ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ လမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့အား အနောက်မြောက် တိုင်းမြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စွာ သာယာလှပစေရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးစသည့် လုပ်ငန်းများအပြင် အခြားသောဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးအခန်း ကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုး တိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေး လုပ်ငန်းများအား မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ကုက္ကိုလ်လမ်းနှင့် ပိတောက်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ်မုဒ်ဦး ရှေ့တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်း သစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက် လံနုတ်ဆက်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုက္ကိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အလျား – ၂၄၇၀ ပေ၊ အကျယ် – ၁၈ ပေ၊ ထု ၃ လက်မခွဲနှင့် ပိတောက်လမ်း အရှည် – ၂၄၆၀ ပေ၊ အကျယ် – ၁၈ ပေ၊ ထု ၃ လက်မခွဲဖြစ်ပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြား နည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များအား ဆိုင်ရာဥပဒေ၊ နည်းဥပ ဒေလုပ်ထုံးလုပ်နည်းများနှင့် ချိတ်ဆက်ပေါင်းစပ်ပြီး လက်ရှိမြေပြင်တွင် ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများအား စနစ်တကျလေ့လာဆန်းစစ်၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးအား ဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမြေဖြစ်သည့် လယ်ယာမြေ များဥပဒေမဲ့ မလျော့ပါးစေရေးကိုလည်း သတိပြုရန်လိုအပ်ပါကြောင်း၊
စိုက်ပျိုးမြေများ မလျော့ပါးစေရေးနှင့် တိုးပွားလာသည့် ပြည်သူလူထုအတွက် နေထိုင် နိုင်ရန်၊ မြေနေရာလုံလောက်ပြီး၊ တိုင်းပြည်၏တိုးတက်ဖွံ့ဖြိုးလာသည့် စက်ရုံအလုပ်ရုံများ အတွက် မြေနေရာအသုံးပြုနိုင်ရေးတို့အားအခြေခံပြီး အဆိုပါလိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure – SOP) ပေါ်ထွက်လာရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ကြရမည့် (Standard Operating Procedure – SOP)ရေးဆွဲခြင်းတွင် ယခင်ကာလများမှဖြစ်ပေါ်ခဲ့သည့် အခြေအနေအရပ်ရပ်နှင့် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအပေါ် လေ့လာသုံးသပ်ပြီး နောင်ထပ်မံမဖြစ်ပွားစေရေး အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP) ရေးဆွဲ ပြုစုရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး တိုင်းဒေသကြီး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများလုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP)ရေးဆွဲပြုစုရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ထို့နောက် (Standard Operating Procedure–SOP) ရေးဆွဲပြုစုရေး တိုင်းဒေသ ကြီးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဆဋ္ဌမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနား တက်ရောက်
မုံရွာ စက်တင်ဘာ ၅
အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများအား အမီလိုက်နိုင်ရန်နှင့် မိမိတက်သိထား သောပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည့်၀ သော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဆမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကို စက်တင်ဘာ လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမော က္ခချုပ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကမ္ဘာသည် IT နည်း ပညာ အားအသုံးချပြီး အသစ်၊အသစ်သောနည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျှက်ရှိပါ ကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အစဉ်တစိုက်အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်များအား ပြုစုပျိုး ထောင်ပေးရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးမားပြီး၊ စိတ်ကောင်းနှလုံးကောင်းရှိသည့် နိုင်ငံ သူ၊နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များအား နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ကျောင်း သူများ၊ ဆရာ၊ဆရာမများအနေဖြင့် အလေးထားကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊
ကမ္ဘာတဝှမ်းမှ တိုင်းပြည်များတွင်လည်း ပြည်သူလူထုအား ဝန်ဆောင်မှုတိုးမြှင့်နိုင် ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်မှုအား အရေးကြီးကဏ္ဍအနေဖြင့် ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်လည်း ဒစ်ဂျစ်တယ် နည်းပညာအား ကျွမ်းကျင်စွာအသုံးပြုတတ်သူများ ဖြစ်လာစေရန်လိုအပ်ပြီး ဆန်းသစ်တီထွင်မှုများအား အမြဲမပြတ်လုပ်ဆောင် သွားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာဖြစ်သည့်အတွက် နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက် မြက်သော IT လူ့စွမ်းအားအရင်းအမြစ် ပညာရှင်များဖြစ်လာကြစေရန် တိုက်တွန်းပြောကြေား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါမောက္ခချုပ်ထံ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၂၃ ခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ 
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



