slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျှက်ရှိ သည့်ကုမ္ပဏီများ လျာထားချက်အပြည့်အ၀ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေး တက်ရောက်

မုံရွာ သြဂုတ် ၂၁

ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝ ထုတ်လုပ် ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တာဝန်ခံများတက်ရောက်ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြ သည့် လုပ်ငန်းရှင်များအနေဖြင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက် ပြည့်မီ စွာထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများအားလုံး သယ်ယူနိုင်ရေးအတွက် လိုအပ် သည်များကိုပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း လိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် မှာကြားပါကြောင်းနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေး များအား လေလွင့်ဆုံးရုံးမှုမဖြစ်စေဘဲ၊ ဈေးကွက်သို့အမြန် တင်ပို့နိုင်ရေးအတွက် ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်ချိန်အတွင်း သယ်ယူပို့ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် ကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ယခုအစည်းအဝေးတွင် ပွင်းပွင်း လင်းလင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးသိန်းက  မိမိတို့ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းမီးသွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေး ထုတ်လုပ်နေမှု၊ သယ်ယူရေးဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ် သယ်ယူမည့်အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန် လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝထုတ်လုပ်ရေး/သယ်ယူရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဖြည့်စွက်တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

0-02-06-7a9a447e583b9f73e3623fd8e371f6585842faf646a837b2a6d6f727a6a18f10_311b647765f64f76.jpg

0-02-06-95771e172be6c7ed0ff5e3a52c9e2f432ee293506fb34a6ab27e7253fcf5f1ba_8af766b94a55f162.jpg

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် အနောက်ဘက်ကန်သာယာကန် သန့်ရှင်းသာယာ လှပရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ သြဂုတ် ၁၉

ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍  သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၆၀၀ ဦး ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက် ကန်သာယာ ကန်ပတ်လမ်းအရှည် – ၅၅၀၀ ပေ၊ အကျယ် – ၁၈ ပေ နိုင်လွန်ကတ္တရာ ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောက်စီ မြေထိန်းနံရံ လုပ်ငန်းများဆောင်ရွက်နေမှု၊ စတီးလက်ရန်းများ တပ်ဆင်သွားမည့်လုပ်ငန်းများ နှင့် ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင် ရွက်နေမှုလုပ်ငန်းအခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများအားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင် အားသန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများပေါ်တွင် ကစားကွင်းနှင့်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင် အား အမြဲစိမ်းလန်းစိုပြည်ရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန်ပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အနောက်ဘက် ကန်သာယာကန်ပတ်လမ်းအား ကျောက်ရိုးစီခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0-02-06-33438d3e62a66daa1863753cc034485ec0b844e57befd413d130b4d4047335ff_b8cd90df2428860c.jpg

0-02-06-48b4a862db95b55708f85f3d6446f412367d4de575bb30d5ca9a877c213efbf6_3e25860b314a7ce7.jpg

0-02-06-9c2692dc09cf48a791d31144be4b1e98f89741532b1710c08b28e4fb1f5083b5_eb52a2a7db84a246.jpg

0-02-06-2871e35a7b588b9b79f0846dc0103a4c4cde8569a9e22a58a1b6886347bf752b_7d92d99eb7268d4c.jpg

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.