slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိ ပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် စိုက်ပျိုးရေလုံလောက် စွာပေးဝေနိုင်

မုံရွာ သြဂုတ် ၁၈

 ရေအသုံးချသူများအဖွဲ့ Water User Group တောင်သူများအား ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးစေရေး အသိပညာပေးသင်တန်း ၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆည်ရေအရင်းအမြစ်များ အားထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချပြီး စိုက်ပျိုးမွေးမြူရေးကဏဍ တိုးတက်ပြောင်း လဲလာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဧရိယာ ၅၆၂၄၄၇ ဧကအား ပျိုးထောင်ရေ၊ စိုက်ပျိုးရေ၊ အောင်ရေအားစဉ်ဆက်မပြတ်ရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများ ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် အရည်အသွေးပြည့်မီသည့်သီးနှံအား သီးထပ်၊သီးညှပ် စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါ ကြောင်း၊ ရေကိုအလေအလွင့်မရှိ အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာ နှင့် ပညာပေးအစီအစဉ်များအား တောင်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းက တိုင်းဒေသကြီးအတွင်းရှိ ဆည်/ရေလှောင်တမံများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းသား၊သင်တန်းသူများထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး Water User Group အဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။   ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများနှင့်အတူ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်းတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာခရိုင်အတွင်းရှိ ချောင်းဦး မြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်များမှ စိုက်ပျိုးရေးဦးစီးမှူးများထံ လက်ဆွဲ မျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြေအောက်ရေ စိုက်ပျိုးရေပေးဝေရေး လုပ်ငန်း လျှပ်စစ်စက်ပိုင်း ၃ ၊ 33/11 KV 1.5 MVA ဓါတ်အားခွဲရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး မှ မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအား မြေအောက်ရေဖြင့် စိုက်ပျိုးရေးပေးဝေနေမှုလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး 33/11 KV 1.5 MVA ဓါတ်အားခွဲရုံနှင့် Home Garden စိုက်ပျိုးထားရှိမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ် ၁၀ ပေါက်တွဲရေတံခါး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်အတွင်းရှိ ရေတံခါး ၂၂ ခုကြံ့ခိုင်မှုအခြေအနေများနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေးတာ မြေထိန်းနံရံ ကျောက်ရိုးစီခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အိုးဘိုတောင် ၁၀ ပေါက် တွဲရေတံခါးကြံ့ခိုင်မှု၊ မိုးရာသီကာလနှင့် မြစ်ရေကြီးချိန်ကာလများတွင် ရေသွင်းရေထုတ်ပြု လုပ်နိုင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် အလျား – ၅ ပေ၊ အမြင့် ၆ ပေရှိ ရေတံခါး ၅ ခုပါရှိသည့် ၅ ပေါက်တွဲရေတံခါး တည်ဆောက်ပြီးစီးမှုနှင့် ချင်းတွင်းမြစ်ရေဘေးကာကွယ်ရေး တာ မြေထိန်းနံရံအရှည် – ၄၂၀၀ ပေ ကျောက်ရိုးစီခြင်းလုပ်ငန်းများ တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

0-02-06-e5cbb37ad42496ae21f524289a27f01c38b1370bfdf1b9fdf66bf508753eb1fe_1b4c7d3a6fb46daa.jpg

0-02-06-cd5a79016a586cbb57c46be4910abdab577072a0a61dd56b633a0800738f4fec_cf5730a0e67fd165.jpg

0-02-06-58ef201d48c614178c91055c3ae647ed9e94cddd0c8acb963ec9fe204b238731_9b7fdaacef2a45ac.jpg

0-02-06-4ecb772c36f0edeb1e62ec6cf47cb464ca5dc4733c31005f068093989292ea63_b63769d7c57ed7af.jpg

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် ၂၀၂၃-ခုနှစ်၊ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်း

မုံရွာ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကား သင်ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံ ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲအား တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာနေရာ ဒေသအသီးသီးတွင် သင်ကြားရေးတာဝန်သာမကဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဦးဆောင်နိုင်သူဖြစ်ရန် လိုအပ်သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ် များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်းလိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် များအား မိမိကိုယ်တိုင်ထိန်းသိမ်းရုံသာမကဘဲ ကျောင်းသားလူငယ်များ မိဘပြည်သူများ အားလုံးပါဝင်ဆောင်ရွက်ရေးအတွက် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် ဘာသာရပ်များအား စိတ်ဝင်တစားသင်ယူလေ့လာကြရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား မိမိတို့တာဝန်ကျရာ ဒေသအသီးသီးရှိ ကျောင်းသားလူငယ်များ၊ မိဘပြည်သူများကို ပြန်လည်မျှဝေပြီး မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် – ၆၇၅၀၀၀၀ (ခြောက်ဆယ်ခုနှစ်သိန်းငါးသောင်း)နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်း အတွက် ငွေကျပ် – ၁၀ သိန်းအား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ တိုင်းရင်းသားရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။  အဆိုပါ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ၂/၂၀၂၃ သို့ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်ဆွေးနွေးသွားမည် ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိခင်နို့တိုက်ကျွေးရေးနှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအား စိတ်ဝင်စားကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအား သြဂုတ်လတစ်လလုံး ဆောင်ရွက်ရာတွင် ပထမရက်သတ္တပတ်အား မိခင်နို့စနစ်တကျတိုက်ကျွေးရေးလှုပ်ရှားမှုများ၊ ဒုတိယရက်သတ္တပတ်ကို ၅ နှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ၊ တတိယရက်သတ္တပတ်အား ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချို တိုက်ကျွေးနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့နှင့်အညီလုပ်ငန်းခွင်မှ မိခင်များလုပ်ငန်းခွင် မပျက် မိခင်နို့တစ်မျိုးတည်းအား ၆ လအထိတိုက်ကျွေးနိုင်ရေးနှင့် ကလေးအသက် ၂ နှစ်အထိ သင့်လျော်သော ဖြည့်စွက်စာကျွေးခြင်းနှင့်အတူ မိခင်တို့ဆက်လက်တိုက်ကျွေးနိုင်ရန် လုပ်ငန်း ခွင်မှမိခင်များအတွက် ပတ်ဝန်းကျင်ကောင်းများရှိလာစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားသို့ တက်ရောက်လာကြသော အသက် ၅ နှစ်အောက်ကလေးငယ်များအား အင်အားဖြည့် ဗီတာမင်အေဆေးလုံးများ လိုက်လံတိုက်ကျွေးကြပြီး အမှတ်တရလက်ဆောင်များ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ဗီတာမင်ဆေးများပြသထားရှိမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

0-02-06-a2bef632fbc6f523ce9750ff846c4fa1a288944c1eed1b8d8d7b4f634e145778_9cb0e68aac5569d2.jpg

0-02-06-80a33d184c7ec931f4f6793e268186980ff9fdcf6972d400751bd3e65a575cef_ad7dd214b447cb34.jpg

0-02-06-08110c08926fdf5701753228d65ba5038370a0c794493628ced69b2fe15d9a3b_a35ed6f3c5f16a2f.jpg

 

0-02-06-61a7727e3b0ce60b869e6841e03e25b88395232e792e455ec7227d0ce55c0ab0_7ba468d45dcb89b2.jpg

0-02-06-7ed2b926a506f97057384f42afab2b6cb76318fbd6ea4f4563e143b78ea71f5b_20de5a36cdebb667.jpg

 

 

 

 

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.