၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) စစ်ကိုင်းတိုင်းဒေသ ကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)နှင့် ရေသဘင်မဏ္ဍပ်များ လိုက်လံကြည့်ရှု
မုံရွာ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးတရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန် အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။ ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီးနှင့် တာဝန်ရှိသူများက အတာရေများပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ကန်သာယာအနီး ကန်ပတ်လမ်းပေါ်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ ဗိုလ်ချုပ် လမ်းပေါ်ရှိ သယံဇာတရေးရာ ဝန်ကြီးဌာန ရွှေပိတောက်မဏ္ဍပ်နှင့် စီးပွားရေးရာဝန်ကြီးဌာန ချင်းတွင်းမေမဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှ များဖြင့်ဖျော်ဖြေကြြပီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစား နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြ သည်။ ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်နှင့် ကန်သာယာ ပြည်ထောင်စု ကျွန်းပေါ်ရှိ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန အမှတ် ၁နှင့်၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)ဖွင့်ပွဲ အခမ်းအနားနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (ဗဟိုမဏ္ဍပ်)ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၃-ခုနှစ်၊ (၂၀၂၂-ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာဗဟိုမဏ္ဍပ်တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ပြည်သူများတက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော် နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ၁၃၈၃-ခုနှစ်၊ ၂၀၂၂-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ယိမ်းအကလှပျိုဖြူများက “ မြူမှောင်ဝေကင်း ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တာဝန်ရှိသူများနှင့် ဧည့်သည် တော်များက ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ်ကူးအမွှေးနံ့သာ ရေဖြင့် အပြန်အလှန် ပတ်ဖျန်းကြပြီး ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူ အားပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာဝန်းကျင်၌ ကျင်းပသည့် ၂၀၂၂-ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်များ၊ စုစုပေါင်း ၁၀ ခုမှ သင်္ကြန်အကျ၊ အကြတ်၊ အတက်နေ့များတွင် ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများနှင့် တပင်တိုင်အကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် မဏ္ဍပ် ၂ ခုမှ နေ့စဉ်စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ပြုကြမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်တွင် နေ့အလိုက်ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကပြ ဖျော်ဖြေကြမည်ဖြစ်ကာ ဧပြီလ(၁၆) ရက်နေ့တွင် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (ဗဟိုမဏ္ဍပ်)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်က မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော် နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လိူင်၊ အမှတ်(၄) တပ်မတော်ဆေးရုံ ကုတင်(၃၀၀) မှ ဗိုလ်မှူးကြီး မင်းစိုးဦးတို့က ၁၃၈၃-ခုနှစ်၊ ၂၀၂၂-ခုနှစ်၊ မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် (ဗဟိုမဏ္ဍပ်)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ယိမ်းအကလှပျိုဖြူ များက အဖွင့်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်သည်တော်များက ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ်ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန်ပတ် ဖျန်းကြကာ ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးခဲ့ပြီး စတုဒီသာများကျွေးမွေးကုသိုလ်ပြုနေကြသော စတုဒီသာမဏ္ဍပ်များ၊ ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



