slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ဝန်ကြီးချုပ် ဦးမြတ်ကျော် ရေပေးဝေရေးလုပ်ငန်းသစ်နှင့် ခရိုင်/မြို့နယ် ဥပဒေရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေး

မုံရွာ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ ရေပေးဝေရေးလုပ်ငန်းသစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါရေပေးဝေရေး ရေစုကန်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်၍ လမ်း၊ တံတား၊ ရေပေးဝေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းဟာလည်း ခန္တီးမြိုက နေလူထု သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်မည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုလို ရေပေးဝေရေးလုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့အတွက် ခန္တီးမြို့ပေါ် အဓိကရပ်ကွက် (၂)ခုကို ရေလုံလောက်စွာ ဖြန်ဝေပေးနိုင်တော့မှာဖြစ်ပြီး ခန္တီးမြို့ လူထုတစ်ရပ်လုံး အကျိုးများစွာရှိသည့်အပြင် ဒေသတွင်းကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ ကိစ္စရပ်တွေမှာလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းနှင့် မြို့ရေပေးဝေ ရေးလုပ်ငန်းအားလည်း ရေရှည်တည်တံ့ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ခန္တီးမြို့၊ ရေပေးဝေရေးလုပ်ငန်းသစ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ခန္တီးမြို့၊ ဒေသခံတိုင်းရင်းသားများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနာက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးမိုး တို့ကခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းသစ်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများအတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂါလံ(၁၅၀၀၀၀)ဆံ့ ရေလှောင်ကန်၊ 390 Watt Solar 420 Nos Array နှင့် Electrical Pump House ၊ ဂါလံ(၅၀၀၀၀)ဆံ့ ရေစုကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ခန္တီးမြို့ပေါ် သို့ ရပ်ကွက်များရှိအိမ်များတွင်  ၆ လက်မအချင်း ရေပိုက်လိုင်းများဖြင့် သောက်သုံးရေရောက်ရှိမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သည့် ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းကို ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၁၈၈.၄)သန်းဖြင့် ဂါလံ (၅၀၀၀၀)ဆံ့ ကျောက်စီရေတားတမံ တည်ဆောက်ကာ ဂါလံ(၁.၅)သိန်းဆံ့ရေကန်မှ မြို့ဝင် ဆိုင်းဘုတ်အထိ ၆ လက်မအချင်း ပိုက်လိုင်းသွယ်တန်းပြီး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပြီး လုပ်ငန်း(၁၁)ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ခရိုင်/မြို့နယ် ဥပဒေရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ခန္တှီးမြို့နယ် ဥပဒေအရာရှိမှ ရုံးအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြပြီး ရုံးအဆောက်အဦသစ်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ခန္တီးခရိုင်/မြို့နယ် ဥပဒေရုံးအဆောက်အဦအား ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် တည်ဆောက်ပြီး အလျား(၉၆-ပေ)၊ အနံ(၃၆-ပေ) RC တစ်ထပ်အမျိုးအစားဖြစ်ပြီး ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၅)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ သာယာကုန်းကျေးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုနှင့် ခန္တီးမြို့၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဒေသခံကျောင်း၊ ကျောင်းသူများ တည်ငြိမ် အေးချမ်းစွာ   တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ဆောက် လုပ်ရေးစီမံကိန်းသို့ ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ခံအင်ဂျင်နီယာမှ ပင်မေ ကျာင်းဆောင်အဆောက်အဦ တည်ဆောက်နေမှုများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လဟယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း အလုပ်ရုံ(အလျား-၁၂၅ ပေ၊ အနံ- ၈၂ ပေ) Steel Structure (၁)ထပ် အဆောက်အဦ တည်ဆောက်နေမှုနှင့် (၄)ခန်းတွဲ၊ (၄)ထပ် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။    

 

 

 

ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ထေရဝါဒဗုဒ္ဒ သာသနာပြု(ဗဟို)ကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်တို့အား ဆွမ်းချက်ဆောင် ဆောက်လုပ်ရန် အလှူငွေပေးအပ်

မုံရွာ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဧပြီလ(၄) ရက်နေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဒ သာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းချက်ဆောင် အဆောက်အဦတည်ဆောက်ရန် သိန်း(၁၅၀-တစ်ရာ့ငါးဆယ်)နှင့် လဟယ်မြို့၊ သီလရှင်ကျောင်းတိုက် ဆွမ်းချက်ဆောင် အဆောက်အဦ တည်ဆောက်ရန်အတွက် အလှူငွေ ကျပ် သိန်း(၁၅၀-တစ်ရာငါးဆယ်)တို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာပြတိုက်တွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေး မြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လဟယ်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ခရိုင်/ မြို့နယ် ဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိရေးဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လဟယ်မြို့နယ်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌထံ မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ်(၁၀)သိန်းအား ပေးအပ်ပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား နာဂရိုးရာအဖွဲ့ဥက္ကဌ ဦးမောင်ကုက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် အောက်ဆီဂျင် စက်ရုံနှင့်စက် တည်ဆောက်တပ်ဆင်နေမှုနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုနှံပေးနေမှုတို့အား ကြည့်ရှုအားပေးကာ ဆေးရုံဝန်ထမ်းများနှင့် လူနာများ အတွက် ငွေကျပ်(၅)သိန်းအား သူနာပြုဆရာမကြီးများထံ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသခံကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

လဟယ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၂၈၄)ဦး ဖြေဆိုခွင့်ရရှိပြီး ဖြေဆို သူ(၂၄၂)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၈၅%) ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.