slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး(၁၀/၂၀၂၂) တက်ရောက် 

မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၀/၂၀၂၂)ကို မတ်လ(၃၁)ရက်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု လျော့နည်းသွားသော်လည်း ကျန်းမာရေးအသိဖြင့် လုပ်ကိုင်သွားလာ နေထိုင်ကြရမည် ဖြစ်ပါကြောင်း၊ ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရေးအတွက် အဓိကကာကွယ်ပေးမှုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူတိုင်းစေ့ ထိုးနှံပြီးစီးရန် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဆေးထိုးနှံပြီးစီးမှုမှာ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် များစွာလျော့နည်းနေသေးပါ၍ လူတိုင်းစေ့ ဆေးထိုး ပြီးစီးရေးတို့ကို တာဝန်ရှိသူအားလုံးမှ အလေးအနက်ထားခံယူကာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးနေပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား အခြေချထိုးနှံခြင်း၊ ရွှေ့လျားထိုးနှံခြင်းနှင့် ကျေးရွာများအထိပါ ကွင်းဆင်းထိုးနှံခြင်းများကို အရှိန်မြှင့်၍ သတ်မှတ်ကာလတွင် လျာထား ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မှုအားလုံးတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ကြပ်မတ်ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မုံရွာ မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၂၉)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေကြတဲ့ စေတနာ့ဝန်ထမ်းများရဲ့ စွမ်းဆောင်မှုဟာ လေးစားစရာကောင်းတဲ့ စွမ်းဆောင်မှုတွေပဲ ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းသလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဆောင်ရွက် ပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများမှာ စွမ်းဆောင်ပေးကြတာကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း၊ Volunteer များ ခရီးသွားလာရေးလွယ်ကူစေရန် Volunteer Name Card များကို ထုတ်ပေးထားပါကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း စေတနာ့ဝန်ထမ်းများ၏ “ကိုယ်ကျိုးမဖတ် တိုင်းပြည်အတွက်”ဆိုတဲ့ စိတ်ဓာတ်ကို အရင်းခံကာ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အတွက် စက်သုံးဆီ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် စားစရိတ်များကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကလည်း တစ်နိုင်ငံလုံးကျန်းမာပြီး ရောဂါအပြင်းအထန်ဖြစ်ပွားမှုကို လျော့နည်းစေမည့် နည်းလမ်းဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်များမှာ ပိုမိုပါဝင်ကူညီ အားဖြည့်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုများကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ရွှေဘိုခရိုင်နှင့်ကန့်ဘလူခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ယင်းမာပင်ခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း အသီးသီးပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက စစ်ကိုင်းခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကလေးခရိုင်နှင့် တမူးခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်း ကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက ကသာခရိုင်၊ ကောလင်းခရိုင် စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မော်လိုက်ခရိုင်ခရိုင်၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စေတနာ့ဝန်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများကိုယ်စား မုံရွာမြို့၊ ဂရုဏာမြင်းမိုရ် လူမူကူညီရေးအသင်းမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်း၊ လူမူရေးအသင်းအဖွဲ့ အစည်းများနှင့် Volunteer များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.