slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ်၊ ၂၀၂၂-ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မုံရွာ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ်၊ ၂၀၂၂-ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၂၈)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ မြို့မိ၊မြို့ဖများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက အလေးအနက်ထားကာ ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ၂၀၂၀နှင့်၂၀၂၁ ခုနှစ်တို့တွင် မဟာသင်္ကြန်ပွဲတော် မကျင်းပနိုင်ခဲ့ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သွားလာနေထိုင်မှု ဆင်ခြင်ခဲ့ရသည့် ပြည်သူများ၏ မွန်းကြပ်မှုများပြေပျောက်ပြီး စိတ်ပျော်ရွှင် အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊  တာဝန်ရှိသူများအနေဖြင့် ကော်မတီများဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဏ္ဍပ်တာဝန်ခံများက ဖျော်ဖြေရေးအကမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ ဆောက်လုပ်မည့်အခြေအနေများနှင့် လုပ်ငန်းကော်မတီများအလိုက် တာဝန်ခွဲဝေချထားမှု၊ စတုဒီသာမဏ္ဍပ်များ ဆောက်လုပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး လုပ်ငန်းရှင်များက မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၈)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံတပ်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိဘနှင့်ဆရာများက သားသမီး တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး တိုင်းပြည်ကအားထားရသော လူတော်လူကောင်းများ စိတ်ရင်းစိတ်ထားကောင်းကောင်းဖြင့် အများအကျိုးသယ်ပိုးလိုသော စိတ်ကောင်းစေတနာ ကောင်းရှိသူများ ဖြစ်စေချင်ကြပါကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ကာယ၊ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ခြင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ပြီး ယဉ်ကျေးလိမ္မာသော သားငယ်သမီးငယ်များဖြစ်လာစေရန် အခြေခံပညာကျောင်းများသည် အဓိကတာဝန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများသည် ယခုလိုနွေရာသီကျောင်းပိတ်ရက် ကာလများကို ကျောင်းသား၊ကျောင်းသူများအတွက် အချိန်ကိုအကျိုးရှိစွာအသုံးပြု၍ ဟောပြောပွဲနှင့် သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းဖြင့် နိုင်ငံတော်ကအားကိုးအားထားရသော နိုင်ငံသားကောင်းများစွာ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာဖြင့်အသုံးချ၍ မိမိတို့အလိုရှိသော ပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ပညာရေးဦးစီးမှူး ဦးတိုးဝင်းက ဟောပြောပွဲနှင့် သင်တန်း များဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်များစာရိတ္တမြင့်မားရေး နှင့် မျိုးချစ်စိတ်ဓာတ် အကြောင်းအရာများအား ဟောပြောခဲ့ကြသည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်(၅)သိန်းအားပေးအပ်ခဲ့ရာ အလုံတပ်မြီု့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဆရာမ တစ်ဦးက လက်ခံရယူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသာ နံရံကပ်ဓာတ်ပုံများနှင့် စာအုပ်၊ စာစောင်များအား လိုက်လံကြည့်ရှုအားပေးပြီး အလုံအမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာအခြေခံ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စကားပြောအခြေခံ သင်ကြားနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


          

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.