၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု၊ပန်းခင်းစီမံချက်၊အခွန်ငွေကောက်ခံရရှိမှုနှင့်Mini Budgetတွင်တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခွန်ငွေကောက်ခံရရှိမှုနှင့် Mini Budgetတွင် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၂၄)ရက်နေ့နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများအနေနဲ့ မိမိတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိနေတဲ့ လုပ်ငန်းများအပေါ် ဆက်လက်ဆောင်ရွက်မဲ့ အခြေအနေများကို ပွင်းလင်းမြင်သာစွာနဲ့ ဆွေးနွေးတင်ပြကြရန် မှာကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကိုလည်း တာဝန်ရှိများအနေနဲ့ သက်မှတ်ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက် ကြရန်လိုအပ်ပါ ကြောင်း၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၇၅% ဆောင်ရွက်ပြီးစီး ခဲ့ပြီး သက်မှတ်ကာလတွင် ရာနှုန်းပြည့်အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ အခွန်ကောက်ခံမှုအနေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံတဲ့ဌာနကြီးများအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆လဘတ်ဂျက်ကာလအတွင်း သက်မှတ်ချက်ပြည့်မီအောင်ကောက်ခံနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အခြေအနေအရပ်ရပ်အရ ကောက်ခံရန်ကျန်အခွန်တို့အား ထပ်မံကောက်ခံရန် လိုအပ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ၆ လ ဘက်ဂျက် ကာလအတွင်း တင်ဒါလုပ်ငန်းများကို သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့လုပ်ငန်းများ အပြီးသတ်ရန်ကျန်ရှိပါက အချိန်နှင့်တစ်ပြေးညီ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု၊ ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုများနှင့် မိမိတို့ဌာနများအလိုက် အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးတို့က မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ အခွန်ကောက်ခံရရှိမှုနှင့် တင်ဒါလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်တို့က လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှု အခြေအနေများ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အခွန်ကောက်ခံရရှိမှုနှင့် တင်ဒါလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂) တက် ရောက်
မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းညှိနိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို မတ်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့်မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးကာ အခြား လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်၍ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ ထိုကြောင့်တာဝန်ရှိသူများ ပေါင်းစပ်ညှိနိုင်းကာ ဒေသလုံခြုံအေးချမ်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြို့ရွာများနှင့် ဆက်သွယ်မှုလမ်းကြောင်းများ အမြဲလုံခြုံစွာဖြင့် သွားလာနိုင်ရန် လုံခြုံရေးတာဝန်ရှိသူများမှ စေတနာထားကာ တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်များ မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က မိမိတို့ ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်သက်၍ Power Point ဖြင့် အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း မိမိတို့ ဌာနများအလိုက် လုံခြုံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



