၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အနောက်ဘက်ကန်သာယာကန် အားသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံ ကြည့်ရှုစစ်ဆေး
မုံရွာ ၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန် သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်း အရှည် – ၅၅၀၀ ပေ၊ အကျယ် – ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်း၊ ကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် စတီးလက်ရန်း များတပ်ဆင်သွားမည့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
င်းနောက် အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့်ကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေ ဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေး၊ ကန်အတွင်းရှိကျွန်းများ ပေါ်တွင်ကစားကွင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည့်နေရာများ ထည့်သွင်းတည်ဆောက်ရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်ဘက် ကန်သာယာကန်ပတ်ဝန်းကျင် နိုင်လွန်ကတ္တရာလမ်းခင်းခြင်း၊ လျှပ်စစ်မီးတိုင်များတပ်ဆင် ခြင်း၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှပန်းပင်များစိုက်ပျိုးနေမှုနှင့် မြေထိန်းနံရံ လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူ ရောင်းချမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း မတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ရေနံလုပ်ငန်းရှင် ကုမ္ပဏီများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်များနှင့် ယခုလိုဆွေးနွေးညှိနှိုင်းခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းရေး၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့တွင် စက်သုံးဆီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ စက်သုံးဆီသယ်ယူရောင်းချမှု အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးရန် ယခုအစည်းအဝေးအား ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စက်သုံးဆီများ သယ်ယူရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်များတွင် ကြီးမားသောအခက်အခဲများ မရှိနိုင်သော်လည်း၊ တိုင်းဒေသကြီးအထက်ပိုင်းရှိ ကလေး၊ ကလေးဝ၊ တမူး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များသို့ စက်သုံးဆီများ လွယ်ကူချောမွေ့စွာရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး မှ စက်သုံးဆီအရောင်းဆိုင်များသို့ လိုင်စင်ထုတ်ပေးထားရှိမှု အခြေအနေ၊ သယ်ယူပို့ဆောင်ခြင်း ကြီးကြပ်လက်မှတ်ထုတ်ပေးခြင်း၊ စက်သုံးဆီခွဲဝေဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရေနံလုပ်ငန်းရှင် ကုမ္ပဏီ များနှင့် စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ငန်းများ၏ စက်သုံးဆီ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စက်သုံးဆီရောင်းချမှုအခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ စက်သုံးဆီ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း စက်သုံးဆီသယ်ယူရောင်းချမှု လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှတာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးအကြံပြု ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်း အဝေး ကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



