၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံ၊ နဝမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်းသင်တန်း သား၊သင်တန်းသူများအား ဒီပလိုမာအောင်လက် မှတ်အပ်နှင်းတိုင်းဒေသကြီးအစိုးရအ
မုံရွာ၊ ဒီဇင်ဘာ ၂၄
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာ ခရိုင်/မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်းရေးမှူးများနှင့်အဖွဲ့ဝင် များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအား တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင် ပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အဖက်ဖက်မှ အထူးအလေးထား ဆောင်ရွက်နေ သကဲ့သို့ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်တာဝန်အား ကျရာအခန်းကဏ္ဍမှ အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ဒုတိယမဲရုံမှူးများ သိရှိလိုက်နာဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ရွှေဘိုခရိုင်၊ရေဦးခရိုင်၊မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေညရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မုံရွာမြို့ သူနာပြု နှင့်သားဖွားသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် နဝမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သင်တန်းသား၊သင်တန်းသူများအား ဒီပလိုမာ အောင် လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင် ရွက်ရာတွင် အဓိကကျသည့် အင်အားစုကြီး(၃)ရပ်ဖြစ်သည့် ဆရာဝန် များ၊သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအနက် သူနာပြုဆရာ၊ဆရာမများသည် အရေးကြီးသော အင်အားစုကြီးတစ်ခုဖြစ်ခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုပေးရာတွင် သူနာပြုဆရာ၊ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့် အညီပြုစုစောင့်ရှောက်မှု ပေးနိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရန် လို
အပ်ပါကြောင်း၊ သူနာပြုဆရာ၊ဆရာမများအနေဖြင့် အောင်လက်မှတ်များအပ်နှင်းခံရပြီး နောက် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါ သူနာပြုဆရာ၊ဆရာမများအားလုံး အပြန် အလှန်လေးစားမှုနှင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် နှင့် သူတပါးစိတ်ခံစားချက်များအား ဦးစားပေးကာ လူမှုဆက်ဆံရေးကောင်း မွန်ရန် အစဉ် ကြိုးစားစားကာ ပြည်သူလူထု၏ ကျန်းမာရေးမြင့်မားလာစေရန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည့် သူနာပြုဆရာ၊ဆရာမများဖြစ်ပေါင် စွမ်းဆောင်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်က သင်တန်းဆင်းမောင်မယ်များအား အမှာစကား ပြောကြားပြီး မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင် ကြားရေးတာဝန်ခံ ဆရာမကြီးထံ အောင်လက်မှတ်များအား လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမောင်မယ်များနှင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်မတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအဖွဲ့အသင်းနှင့် လူမှုရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း၊ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စည်ပင်သာယာ ရေးအဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများ နှင့်တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ တတိယအကြိမ် မဲစာရင်းများ ကြေညာထားရှိမှု ကြည့်ရှု၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ စတစ်ကာများဖြန့်ဝေ၊အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှ
မုံရွာ၊ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူ များသည် ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅ခုနှစ်၊ပါတီစုံဒီမိုကရေစီထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်း၍ “ဒို့အတူတူ မဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် စတစ်ကာများဖြန့်ဝေခြင်းအား မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာဈေးအနီးရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကားလမ်းမကြီးပေါ်၌ ဖြတ်သန်းသွား လာကြသည့် မော်တော်ယာဉ်များနှင့်ပြည်သူ များအား “ဒို့အတူတူမဲပေးကြမယ်” စတစ်ကာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြပြီး အောင်ချမ်းသာဈေးအတွင်းဈေးရောင်းချသူများနှင့် ဈေး ဝယ်လာရောက်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေး (၇/၂၀၂၅)သို့ တက်ရောက်ပြီးပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးမှ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင်အစွမ်းကုန် အလေး ထားကြိုး ပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေ ဖြင့်လည်း တိုင်းဒေသကြီးအတွင်း လွတ်လပ်၍ တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့် ရွေး ကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး လိုအပ်သည့် ပံ့ပိုးကူညီလမ်းညွှန်မှုများ ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေ အနေများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊
ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူး ပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီ(၁၁/၂၀၂၅)အစည်းအဝေးကို ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင် ပြေပြေချောချောမွေ့မွေ့ အခက်အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် ပတ် သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ကုမ္ပဏီများအလိုက် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချသွားမည့် လုပ်ငန်းအခြေ အနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအစည်းအဝေး သို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



