၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အသုံးဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
မုံရွာ မတ် ၁၁ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိကျေးရွာများ၌ NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်း ခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိမိတို့၏အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တနေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်တည် ထောင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများတွင် ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့်နေထိုင် စားသောက်နိုင်ရေးစီစဉ်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ မီးရှိုဖျက်ဆီးမှုများကြောင့် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ အိမ်ထောင်စုများအတွက် ငွေကျပ်(၂၆၇)သိန်း၊ ဆန်အိတ်(၈၉) အိတ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် အဝတ်အထည်များ၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် တစ်အိမ်(၂)သိန်း ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၈၉) စုအတွက် စုစုပေါင်းငွေကျပ် (၁၇၈၀၀၀၀၀- တစ်ရာခုနှစ်ဆယ့်ရှစ်သိန်း)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးအား ထောက်ပံ့ပေးအပ်ပြီး မီးလောင်ပြင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ကျောက်ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ စာရေးကျေးရွာများရှိ ဒေသခံပြည်သူများအား ဂုဏ်ပြုငွေများပေးအပ်၊ ရာဇမဏိစူဌာကောင်းမူတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲ တက်ရောက်
မတ် ၁၀
၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် တပ်မတော်(လေ)မှ A-5 တိုက်ခိုက် ရေးလေယာဉ်သည် တံတားဦးလေဆိပ်မှ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနန်ကျေးရွာအနီးသို့ ပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တက်ကြွစွာကူညီလုပ်ကိုင်ပေးကြသည့် ကျောက်ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ စာရေးကျေးရွာများမှ ဒေသခံပြည်သူများအား မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကာ ဒေသခံပြည်သူများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ရာဇမဏိစူဌာကောင်းမှုတော် စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံတော်တွင် ကျင်းပသော ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဒေါက်တာအ ရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး အမှူးပြုသော ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြိးများမှ သြဝါဒမိန့်ကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လစ်လပ်လျက်ရှိသည့် ရာဇမဏိစူဌာကောင်းမှုတော် စေတီတော်ကြီး၏ သြဝါဒစရိယဆရာတော်များနှင့် ဂေါပကအဖွဲ့ဝင်များရွေးချယ်ဖွဲ့စည်းရေး၊ စေတီတော်ကြီးနှင့် စေတီတော်ရင်ပြင်တွင် ဆောင်ရွက်သွားမည့် သာသနာရေးနှင့် ဘာသာရေးဆိုင်ရာများ လျှောက်ထားပြီး ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြိးများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လျှောက်ထားမှုအပေါ် ပြန်လည်မိန့်ကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိ ဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာအရှင်ဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက အနုမောဒနာ တရားနာယူ၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ် ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



