slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဇလုံတောင်ခမိုးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနား တက်ရောက်

မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့အကြား ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နား စခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို မတ်လ(၄)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေမှူးနှင့် Terrain Co,Ldt မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခဲ့ပြီး ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဇုန်(၅)ခုသတ်မှတ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကသာခရီးသွားဇုန်အတွင်းရှိ ဇလုံတောင်ဒေသနှင့် ဇလုံတောင်ဘုရားသည် တန်ခိုးကြီးမားပြီး ဇလုံတောင်သို့ နှစ်စဉ်ခရီးသွားပြည်သူ (၅)သိန်းကျော် လာရောက်မှုရှိပြီး နှစ်စဉ်ခရီးသွား ဦးရေ တိုးတက်စည်ကားလျက်ရှိရာ ဘုရားဖူးများ ရာသီမရွေး သွားလာနိုင်ရေးအတွက် လည်းကောင်း၊ တည်းခိုနေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့လာစေရေးအတွက် လည်းကောင်း၊ ဘုရားဖူးကုသိုလ်ယူရင်းဖြင့် မြန်မာ့ရေမြေတောတောင် သဘာဝအလှကိုခံစားနိုင်ရန် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အနီးအနားမှ ဒေသခံကျေးရွာများရှိ ပြည်သူလူထုများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ စီမံကိန်း ချမှတ်အကေင်အထည်ဖော်ဆောင်ရွက်စေခြင်းဖြစ်ပါကြောင်း၊ ဗန်းမောက်ဒေသသာမက ကသာနှင့်အင်းတော်မြို့များပါ တပါတည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မည့် Terrain Co,Ldt အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်၊ သတ်မှတ်အချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်း တိုးတက်မှုအခြေအနေများအား အချိန်နှင့် တပြေးညီ တင်ပြသွားရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် Terrain Co,Ldt မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Terrain Co,Ldt တို့ လုပ်ငန်းအပ်နှံသည့် သဘောတူစာချုပ်အား တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လေးသီကျေးရွာအုပ်စု၊ ခမိုးကျေးရွာအနီး ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ (၃၁.၅၄)ဧကအား B.O.T စနစ်ဖြင့် ဇလုံတောင်ခမိုးယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း မြေ(၂၃.၃၁)ဧက၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း မြေ(၁၀.၂၃)ဧကတွင် တည်းခိုခန်း(၁၆၀)ခန်း၊ ဒေသထွက်ပစ္စည်း ရောင်းချ မည့်ဈေးဆိုင်ခန်းများ၊ ကားဂိတ်များ၊ သံဃာတော်များအတွက် သီးခြားအဆောင်များ၊ သစ်ခွပန်း ပျိုးဥယျာဉ်များအပြင် အဆင့်မြှင့်ဟိုတယ် ဝန်ဆောင်မှုများ၊ လူပုဂ္ဂိုလ်မရွေး သံဃာတော်များပါ စိတ်ချမ်းချမ်းသာသာဖြင့် ဘုရားဖူးနိုင်ရုံမက ဒေသထွက်ရိုးရာအမှတ်တရ ပစ္စည်းများလည်း ဝယ်ယူနိုင်မှာဖြစ်ကြောင်း သတင်းရရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်း ဆရာအတတ်ပညာ သင်တန်းအမှတ်စဉ်(၇/၂၀၂၀)သင်တန်းဆင်းပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံအသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ(၄)ရက်၊ နံနက် (၉)နာရီ အချိန်တွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဌ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အခြေခံ ပညာကျောင်းများမှာ ဆရာ၊ကျောင်းသားအချိုး ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ဦးဖြစ်ဖို့အတွက် ဆရာအတက် ပညာဆိုင်ရာ အသိပညာ၊ အတက်ပညာများရရှိဖို့နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်စေရန် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များကို ထိရောက်စွာ အကောင်အထည်ဖော် သင်ကြားလေ့ကျင့်ပေးနိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ကလေးများကိုပြုစုပျိုးထောင်ပေးရုံ သာမက ရပ်ရွာလူထုကိုပါ အသိပညာပေး ဦးဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးမှာ စိတ်ဓာတ်ကောင်းမွန်ပြီး၊ စည်းကမ်းလိုက်နာတဲ့ အသိပညာ၊ အတတ်ပညာ များပြည့်ဝတဲ့ နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် မိမိတို့ဆရာ၊ဆရာမများရဲ့ အခန်း ကဏ္ဍမှာလည်း အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူလတန်းဆရာအတတ် ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်း လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက် လံနုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၄၇)ဦး၊ သင်တန်းသူ (၉၀)ဦး စုစုပေါင်း (၁၃၇)ဦး၊ ချင်းပြည်နယ်မှ သင်တန်းသား(၃) ဦး၊ သင်တန်းသူ (၁၉)ဦး စုစုပေါင်း (၂၂)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အလားတူ သင်တန်းဆင်းပွဲများကို စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး၊ ကသာပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် သင်တန်းသား၊ သင်တန်းသူ (၂၃၈)ဦး သင်တန်းဆင်းခဲ့ကာ ၎င်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၇၁၄၀၀၀၀- ခုနှစ်ဆယ့်တစ်သိန်းလေးသောင်း)ကျပ်အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မတ်လ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ စဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် ကသာခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ခန္တီးခရိုင်အသင်းမှ ကသာခရိုင်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထဆုရရှိသော ခန္တီးခရိုင်အသင်းအား ဆုငွေကျပ်(၁၀)သိန်းနှင့် တံခွန် စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပထမဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ဒုတိယဆု ရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က ပူးတွဲတတိယဆုရရှိသော မုံရွာခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသ ကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အသန့်ရှင်းဆုံးဆုရရှိသော ကန့်ဘလူခရိုင် အသင်းအား ဆုတံ ဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က နေရာအလိုက်အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.