၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးတက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အဆက်မပြတ် ဆွေးနွေးပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်အဖြစ် မုံရွာမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်ပေးနိုင်သကဲ့သို့ စစ်ကိုင်းမြို့တွင် လည်း MSMEs သင်တန်းအထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းအား ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုလို သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာကာ ဒေသ ခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက် ရှိပြီး ခရီးသွားရာသီ စတင်တော့မည်ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ နှင့် ဆက်စပ်လုပ်ငန်းများမှ ဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ဘုရား၊ ပုထိုး၊ စေတီများနှင့် ခရီးသွားဧည့်သည်များ အသွားအလာများသည့် ခရီးစဉ်ဒေသများ တွင် စေတီပုထိုး၊ ဘုရားသမိုင်းနှင့် ခရီးစဉ်ဒေသများအကြောင်းအား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားသည့် QR Code နှင့် Bill Board များ ထားရှိရေး ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ခရီးသွားနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်း ကော်မတီ ၈/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက် မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တက်ရောက်
မုံရွာ ၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာဘိုးဘွားရိပ်သာ၊ ရွှေရောင်ဆည်းဆာဘိုးဘွားရိပ်သာမှ အဘိုး၊အဘွားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းတိုးပွားလျက်ရှိပြီး အနာဂတ်တွင်တိုးပွားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးနှင့်ကျန်းမာရေးကဏ္ဍများကို တိုးမြှင့်စောင့်ရှောက်နိုင်ရေးသည် အထူးလိုအပ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးရာတွင် ရိပ်သာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်အရွယ်အားဖြင့် ကြီးရင့်သော်လည်း ကျန်းမာသန်စွမ်းလျက်ရှိပြီး လူမှုဖွံ့ဖြိုးရေးကို စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းထားသည့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့(သို့မဟုတ်) လူမှုအားမာန်အဖွဲ့များအား တိုးမြှင့်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ အသက်ကိုလျှော့ချပြီး ထောက်ပံ့ပေးသွားနိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၁၄)တွင် ရေးဆွဲထားရှိပြီးဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သက်ကြီးရွယ်အိုဦးရေ များပြားလာမှုအပေါ် အမျိုးမျိုးသောကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ အထိရောက်ဆုံးနည်းလမ်းမှာ သက်ကြီးရွယ်အိုများရှိ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံဗဟုသုတများအား အခြေပြု၍ ၎င်းတို့၏စွမ်းဆောင်ရည်များ မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်တွင် လိုအပ်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်းဖြင့် သာယာလှပငြိမ်းချမ်းပြည့်စုံသည့် အနာဂတ်အသစ်တစ်ခု ဖန်တီးပေးရန် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးအတွင်း ဌာနအခြေပြုစောင့်ရှောက်နည်းဖြစ်သည့် ဘိုးဘွားရိပ်သာများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြကာ ရပ်ရွာအခြေပြု စောင့်ရှောက်နည်းများ တိုးပွားများပြားလာအောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူမှုအားမာန်အဖွဲ့များအား ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းပြီး လုပ်ငန်းရပ်များ သွက်လက်မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ ၉ခုအတွက် ငွေကျပ် – ၃၁၉၂၉၀၀၀(သုံးရာတစ်ဆယ့်ကိုးသိန်းနှစ်သောင်းကိုးထောင်)ကျပ်နှင့် အသက်အကြီးဆုံးအဘိုးထံ ငွေကျပ် – ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အသက်ကြီးအဘွားထံ ငွေကျပ် – ၃၀၀၀၀ (သုံးသိန်း)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက မုံရွာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် – ၃၁၅၀၀၀ (သုံးသိန်းတစ်သောင်းငါးထောင်)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ ရွှေရောင်ဆည်းဆာ ဘိုးဘွားရိပ်သာအတွက် တစ်နေ့တာအဟာရ အလှူငွေကျပ် – ၁၇၅၀၀၀ (တစ်သိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွား ၉၉ ဦးထံ ထောက်ပံ့ငွေနှင့် တိုင်းရင်းဆေးများအား အသီးသီးလက်ရောက်ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ မင်္ဂလာဆုတောင်း ” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်ပြီး အဘိုး၊အဘွားများကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုး၊အဘွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



