၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကြိုးကြာကန်ကျောင်းတိုက် ဆရာ တော်ကြီးထံ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီး ရင်ပြင်နေပူခံကျောက်ပြားခင်းခြင်းနှင့် ကန်သာယာကျွန်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် ဖေဖော်ဝါရီလ (၂၇)ရက် နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ မဟာဝံသကျောင်းတိုက်၊ ဇမ္ဗူထိန်လင်းကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်၊ ဘုန်းစိုးကျောင်းတိုက် များရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် မုံရွာမြို့၊ သလ္လာရပ်ကွက် ရှိ၊ ကြိုးကြာကန်ကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လိုအပ် သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ မြို့ရှိ ကန်သာယာကျွန်း၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးသို့ ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ဘုရားရင်ပြင်နေပူခံ ကျောက်ပြား ခင်းခြင်းနှင့် ရွှေကရဝိတ်ဖောင်တော် အမိုးနှင့်ပန်းဆွဲများ ပြုပြင်နေမှုများ၊ ကန်သာယာကျွန်း ပတ်လည်စတီးလက်ရန်းတပ်ဆင်ရန်နှင့် မြေထိန်းအာစီ ကျောက်ထုတ်လောင်းခြင်း လုပ်ငန်း များဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဘုရားရင်ပြင်နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်များအား လည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်ကြီးအား လှည့်လည်ကြည့်ရှု ကြည်ညိုခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စေတီတော်ကြီး ရောင်တော်ဖွင့်ရန်အတွက် အလှူငွေကျပ်- ၁၀ တစ်ဆယ်သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့မှ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါတ်တာသူရဦးထံ လှူဒါန်းခဲ့သည်
ဆက်လက်၍ မုံရွာတက္ကသိုလ် မော်ကွန်းပြတိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း၌ တိုင်းဒေသကြီးအတွင်းမှ လှူဒါန်းမှုနှင့် စုဆောင်းမှုတို့မှရရှိသည့် ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက် နေမှုများ အား ကြည့်ရှုစစ်ဆေးကာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မပျက်စီး မပျောက်ပျက်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းထားရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားရေး အတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၇/၂၀၂၂) တက်ရောက်
ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကို ဖေဖော်ဝါရီလ(၂၄)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဇန်နဝါရီ စတုတ္တပတ်မှ စတင ၍ ကလေးမြို့နှင့် တမူးမြို့တို့တွင် အစုလိုက်ရောဂါကူးစက်မှုများ တွေ့ရှိခဲ့ပြီး ယခုအခါ ကူးစက်မှုများလျော့ကျလာပြီဖြစ်သော်လည်း ကူးစက်မှုများ ဆက်လက်လျော့ကျရေးအတွက် ကာကွယ်မှုနှင့်ထိန်းချုပ်မှုများကို ပိုမိုစီမံလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါကလည်း လိုအပ်သည့်ကုသမှုများ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊
စစ်ဆေးမှုနှင့် ဆေးထိုးနှံခြင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူအများနှင့် ကျင်းပပြုလုပ်ရသည့် အခမ်းအနားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ပြုလုပ်လို ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် ကာကွယ်ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသိတရားဖြင့် စတုတ္တလိူင်းတွင် ဖြစ်ပေါ်နေသော အိုမီခရွန်ရောဂါအား တွန်းလှန်တိုက် ဖျက်သွားကြရန် ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင်ကာ ကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများ တွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Quarantin Center နှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



