၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
၂၀၂၂-ခုနှစ်၊စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တက်ရောက်ဖွင့်လှစ်
မုံရွာ ဖေဖော်ဝါရီ ၂၃
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၂)ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အသင်း အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများကို (၁၉၅၂)ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး လက်ရှိမြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်နိုင်ရန်နှင့် အလားအလာရှိသော သွေးသစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်ရရှိစေရေးအတွက် သက်ထမ်းအလိုက်ပြိုင်ပွဲများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲကနေလည်း အရည်အချင်းပြည့်ဝတဲ့ တိုင်းလက်ရွေးစင်အားကစားသမားများကို စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင်အဖြစ်ရွေးချယ်ပြီး နေပြည်တော်တွင်ကျင်းပမဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါကြောင်း ပြောကြားပြီး ခရိုင်ပေါင်းစုံ အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာ အဓိဌာန် ရွတ်ဆိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးကာ ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် စစ်ကိုင်းခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးပြီး ခန္တီးခရိုင်အသင်းမှ စစ်ကိုင်းခရိုင်အသင်းအား (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်ပွဲစဉ်တွင် ခန္တီးခရိုင် ဘောလုံးအသင်းမှ အကောင်းဆုံးကစားသမား မောင်ချစ်ရင်ထူး ကျောနံပါတ်(၇)အား Daily Man Of Match ဂုဏ်ပြုဆုတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ အားကစားသမား (၁၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အုပ်စု(၂)အုပ်စုခွဲကာ မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်းတွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲနှင့် မုံရွာခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၂)ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မုံရွာခရိုင်/မြို့နယ် ပညာ ရေးမှူးများနှင့် Videoconferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံး များမှ စီမံ၊ဘဏ္ဍာဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ နိုင်ငံအလိုက် အခြေခံပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရည်အသွေးများပြည့်ဝရေးနှင့် ပညာရှင်အဖြစ် ဆက်လက်လေ့လာ ဆည်းပူးတက်လှမ်းနိုင်မည့် ပညာအခြေခံတို့ကိုရရှိစေရန် အဓိကမျှော်မှန်း ဆောင်ရွက်လျက်ရှိရာ ပညာရေးစီမံခန့်ခွဲသူတို့၏ အခန်းကဏ္ဍသည် အလွန် အရေးပါလျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်စနစ်နှင့် လိုက်လျောညီစွာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများကို ပညာရေး ဝန်ထမ်းများ အားလုံကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းဟာ အခြေခံပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံ၊ဘဏ္ဍာဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော သင်တန်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန၊ စီမံရေးရာဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆)ရက် နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ပညာရေးမှူးရုံး(၈)ရုံးမှ စီမံ၊ဘဏ္ဍာဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးမှ Video Conferencing စနစ်ဖြင့် တက်ရောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ခရိုင်ရုံးဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



