၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျ ရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေ ရေးညှိနှိုင်း အစည်းအဝေး တက်ရောက်
မုံရွာ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန် ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင် ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်ုဈေးနှုန်း တည်ငြိမ်ရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဆီကုန်သည်အသင်းမှတာဝန်ရှိများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ဆန်၊ဆီဖူလုံမှုရှိပြီး အခြားတိုင်းဒေသကြီးများသို့ ပို့ဆောင်ပေးနေသော တိုင်းဒေ သကြီးတစ်ခုဖြစ် သော်လည်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအများစုအတွက် လိုအပ်သည့်စားအုန်း ဆီများအား ပြည်သူလူထုစားသုံးရန်စိစစ်ပြီး မှာယူဆောင်ရွက်လျက်ရှိကာ ရရှိလာသည့်စားအုန်း ဆီများအား ပြည်သူများထံသို့ သက်မှတ်ဈေးနှုန်းထက်မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချ ပေးနိင်ရေး စားအုန်းဆီကိုယ်စားလှယ်များ နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊
တာဝန်ရှိသူများအနေဖြင့် စားအုန်းဆီများအား ခွဲဝေလျာထားပေးသည့်အတိုင်း မှန်မှန် ကန်ကန်နှင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးအပြည့်အ၀ ရောင်းချပေး သွားကြရန် လိုအပ်ပါကြောင်း၊ စားအုန်းဆီများအား မသမာသူလုပ်ငန်းရှင်များအချို့မှ ဓာတုကုန် ကြမ်းများရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချနေမှုများ မရှိစေရေးအတွက် အမျိုးသား ရေးတာဝန်တစ်ရပ်ကဲ့သို့ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အခြေခံလူတန်းစားများအတွက် အထောက်အကူပြု စေမည့် တန်ဘိုးသင့်အခြေခံစားသောက်ကုန်များအား အပတ်စဉ်ရောင်းချပေးလျက် ရှိပါကြောင်း နှင့်တာဝန်ရှိသူများမှလည်း လုပ်ငန်းများအပေါ် စေတနာထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ရီလင်းထွဠ်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသကြီးအတွင်း စားအုန်းဆီရောင်းချမှုနှင့် ကြီးကြပ်ဆောင်ရွက်နေမှု လုပ်ငန်းများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆီကုန်သည်များနှင့် ဆီလုပ် ငန်းရှင်များမှ မိမိတို့ဆောင်ရွက်နေသည့် စားအုန်းဆီဝယ်ယူရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်း အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စားအုန်းဆီများကို အမှန်တကယ်စားသုံးမည့် ပြည်သူများလက်ဝယ်ရောက်ရှိအောင် ရောင်းချမှု စနစ်တကျရှိရေး၊ ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီ အတုပြုလုပ်ရောင်းချမှုမရှိစေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတုကုန်ကြမ်း ရောစပ်၍ စားအုန်းဆီ၊ ပဲဆီ၊နှမ်းဆီအတုပြုများနှင့် ဓာတုကင်းလွတ် စားအုန်းဆီများ ခင်းကျင်း ပြသထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးမှူး ကဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်း သပ်ရပ်မှု ရှိစေရေး၊ အိမ်ခန်းများစနစ်တကျခွဲဝေချထားရေးနှင့် အဆောက်အဦများကြံ့ ခိုင်မှုရှိစေရေး၊ အိမ်ရာဝန်းလုံခြုံမှုရှိစေရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှုထမ်း အိမ်ရာ ၄ ခန်းတွဲ ၄ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ်နှင့် အရာထမ်းအိမ်ရာ ၄ ခန်းတွဲ ၄ ထပ် တည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက်၊ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားတက်ရောက်
မုံရွာ စက်တင်ဘာ ၂၇
၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက်၊ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် အဘက်ဘက်မှ အားပေးမြှင့်တင်လျှက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒများချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများအား အကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးလက်ရွေးစင်လက်ဝှေ့နှင့် ပြေးခုန်ပစ်အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်း များအား လေးစားလိုက်နာကြရန်နှင့် မိမိတစ်ဦးချင်းအောင်နိုင်ရေး၊ မိမိတို့တိုင်းဒေသကြီးအသင်း အောင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန် မှာကြားလိုပါကြောင်း၊ အနိုင်မခံအရှုံးမပေးသည့် ဇွဲစိတ်ဓါတ်နှင့် ယခင်နှစ်မှရရှိခဲ့သည့် အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်းကာ အောင်မြင်မှုများပိုမိုရရှိအောင် ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်သည့် နိုင်ငံနှင့်တိုင်းဒေသကြီးဂုဆောင် အားကစားသမားကောင်းများဖြစ်သည်အထိ ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ အသင်းအုပ်ချုပ်သူများထံ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အောင်နိုင်ရေးအလံအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူမှ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား Biometrlc ကောက်ယူနေမှုနှင့် Census Unit ရေးဆွဲခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့် လုပ်ငန်းအဆင့်ဆင့်အား လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ Biometrlc ကောက်ယူရေးနှင့် Census Unit ရေးဆွဲခြင်းသို့ လာရောက်လုပ်ကိုင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



