၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အလုံ) ကျောင်းအုပ်ချုပ်မှုတာဝန်ခံ၊ ဆရာ/ဆရာမများ တွေ့ဆုံခြင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုများအာ
မုံရွာ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူ များလိုက်ပါလျက် စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း (အလုံ)သို့ရောက်ရှိရာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ၊ ဆရာ/ဆရာမများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ/ဆရာမများက ကျောင်း၏ သင်ကြားရေး လုပ်ငန်းများနှင့် ကျောင်းဆောင်အဆောက်အဦများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ပညာရေးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်င်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းအဆောက်အဦများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ သွားလာနေထိုင်မှုနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာယာစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိစေတို့အတွက် မိမိတို့အနေဖြင့် တာဝန်ရှိသူ များနှင့်ပေါင်းစပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆရာ၊ဆရာမများအနေဖြင့် လည်း မိမိကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေးတို့အား အမြဲဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်နေကြသော ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြား နေမှုများအား လိုက်လံကြည့်ရှု အားပေးပြီး သင်ကြားရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် စိုက်ပျိုးရေး သုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှု အားလိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြးရေး အထက်တန်းကျောင်း အလျား -၁၁၄ ပေ၊ အနံ – ၃၂ ပေ၊ ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်စံချိန်စံညွှန်းများနှင်အညီ အမြန်တည်ဆောက်ပြီးစီးရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် Grade-12 ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားနေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မိမိတို့တိုင်းဒေသကြီးတွင် မှတ်ပုံတင်ထားရှိသည့် မော်တော်ယာဉ်စီးရေ စုစုပေါင်းမှာ (၄၉၅၅၀၆)စီးရှိခဲ့ပြီး ယင်းတို့တွင် မော်တော်ဆိုင်ကယ် (၄၄၉၀၀၉)စီး ဖြစ်သဖြင့် မော်တော်ဆိုင်ကယ်စီးရေ ပါဝင်မှုမှာ (၉၁)ရာခိုင်နှုန်း ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ယာဉ်တိုက်ခိုက်မှု (၁၂၁) မှုဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံးအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားနှုန်း အဆင့်(၁၄) တွင်ရှိခဲ့၍ ယာဉ်တိုက်ခိုက်မှုများတွင် မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့်နှုန်းသည်(၃၃.၈၈) ရာခိုင်နှုန်း ရှိပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဆိုသည်မှာ ကြိုတင်မျှော်မှန်းလို့မရနိုင်သလို လုံးဝမဖြစ်ပွားရအောင် တားဆီးလို့ မရဘဲ လူတစ်ဦးချင်းစီမှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှသာ ယာဉ်အန္တရာယ် လျော့ပါးကင်းဝေးမည် ဖြစ်ပါကြောင်း၊ ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှုသည်(၉၄) ရာခိုင်နှုန်းခန့်ပါဝင်ပြီး ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ လမ်း ဒီဇိုင်း၊ လမ်းအဆင့်အတန်းများသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ဆက်စပ်ပါဝင်နေ၍ လမ်းများအား စတင် တည်ဆောက်ချိန်မှစ၍ Road Safety အတွက် ထည့်သွင်းစဉ်းစားပြီး၊ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပကြောင်း၊ ယာဉ်တိုက်ခိုက်မှု၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခါတွင် အရေးပေါ်ပြုစုစောင့်ရှောက် ရန် လိုအပ်နေသည့် ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကုသရန်နှင့် ကူညီစောင့်ရှောက်ရန်အတွက် Post Crash on the Spot အနေဖြင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ထိရောက်မြန်ဆန်မှုရှိစေရေးအတွက် လည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ Road Safety ဆိုင်ရာ သိမြင်နားလည်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှု၊ လမ်းများ၏လုံခြုံစိတ်ချရမှု၊ ယာဉ်မောင်းသူများအပါအဝင် လမ်းအသုံးပြုသူအားလုံး၏ စည်းကမ်းလိုက်နာမှုများနှင့် အဘက်ဘက်မှဟန်ချက်ညီညီပါဝင်လာမှသာ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ ပြည့်ဝအောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်တို့က တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တွဲဖက်အတွင်းရေးမှူး ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးတို့က ယာဉ်မှတ်ပုံတင်ထားရှိမှု၊ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးထားရှိမှု၊ ယာဉ်တိုက်မှု၊ ဖမ်းဆီးအရေးယူမှုနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြကာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင် အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



