၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်း သွေးလှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်
မုံရွာ ၊ စက်တင်ဘာ ၂၃
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ကြီးမှူး၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ် ဆေးဝါးတားဆီးကာကွယ် ရေး တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသွေး လှူဒါန်းပွဲနှင့် စုပေါင်းသန့်ရှင်းရေးများကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရှေးဦးစွာ ပြည်သူ့ဆေးရုံကြီးအတွင်း၊ အပြင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ပြည်သူ့ဆေးရုံအတွင်း သလ္လာရတနာ ခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီးနောက် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းနိုင်က ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် သွေးလှူဌာနတွင် စုပေါင်းသွေးလှူဒါန်းနေမှုများအား ကြည့်ရှု့ကာ သွေးလှူစေတနာရှင် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အာဟာရဖြည့် ကြက်ဥ၊ပဲနို့ နှင့် အချိုရည်တို့ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြပါသည်။အဆိုပါ ( ၅၉ )နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုများမှ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၃၇ ဦး၊ တပ်မတော်စစ်ဆေးရုံတွင် ၄၇ ဦး၊စုစုပေါင်း ( ၈၄ )ဦး စုပေါင်း သွေးလှူခဲ့ကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးများ စုစုပေါင်း ၂၅၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။











စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုး သား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် မြောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးကာ မြောင်မြို့နယ်အသင်းမှ စစ်ကိုင်းမြို့နယ် အသင်းအား ၂ ပွဲ ပြတ်ဖြင့် အနိုင်ရရှိသွားသည်။ထို့နောက် ဆုချးီမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ပွဲစဉ်တစ်လျောက် နေရာအလိုက်အကောင်းဆုံး ဆုရရှိကြသော အမျိုးသမီး/အမျိုးသား အားကစားသမားများအား ဆုတံဆိပ်များအသီးသီး ပေး အပ်ချီးမြှင့်ကြသည်။ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက တတိယဆုရ ရှိသော မုံရွာမြို့နယ်၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တတိယဆုရ ရှိသော မုံရွာမြို့နယ်၊ အမျိုးသားပိုက်ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒုတိယ ဆုရရှိသော ယင်းမာပင်မြို့နယ် အမျိုးသမီးပိုက် ကျော်ခြင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ် အမျိုးသားပိုက်ကျော်ခြင်း အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော ကျွန်းလှမြို့နယ်၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းနှင့် မြောင်မြို့နယ်၊ အမျိုးသားပိုက် ကျော်ခြင်း အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား ပေးအပ်ချီးမြှင့် ပြီးဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက် နေ့အထိကျင်းပခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အားကစားသမား ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


`

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



