slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်လမ်း၊တံတားဖွင့်ပွဲ၊(၁၀၀၀)လီတာဆံ့ရေသန့်စက်ရုံ(၃)ရုံဖွင့်ပွဲအခမ်းအနားများတက်ရောက်ခြင်းနှင့်ဘုတလင်မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရ

ဖေဖော်ဝါရီ ၈

(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိကတ္တရာလမ်း(၁)လမ်း၊ကွန်ကရစ်လမ်း(၉)လမ်း၊ ကွန်ကရစ်တံတား(၁၁)စင်း ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင်ကျင်းပရာအခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က မုံရွာမြို့၏လူဦးရေကိုကြည့်မည်ဆိုပါက ကျေးလက်နေလူဦးရေထက်မြို့ပြလူဦးရေကပိုမိုများပြားတာကိုတွေ့ရမှာဖြစ်ပါကြောင်း၊ဒါကြောင့် မုံရွာမြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးရန် လိုအပ်တာကိုလည်းတွေ့ရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နှင့်မြို့ပြကွာဟမှုနည်းပါးစေရေးနှင့် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးမှသည် တစ်နိုင်ငံလုံးအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်တစ်ရပ်ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံးက ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း – ၁ လမ်း၊ ကွန်ကရစ် လမ်း – ၉ လမ်း၊ ကွန်ကရစ်တံတား – ၁၁ စင်း ခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း – ၁ လမ်း၊ ကွန်ကရစ်လမ်း – ၉ လမ်း၊ ကွန်ကရစ်တံတား -၁၁ စင်းတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆို ပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နန္ဒဝန်ရပ်ကွက်ရှိ ကတ္တရာလမ်း – ၁ လမ်း၊ ကွန်ကရစ်လမ်း- ၉ လမ်း၊ ကွန်ကရစ်တံတား – ၁၁ စင်းတို့အား ကြည့်ရှုစစ်ဆေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ဖွင့်သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်းရှိ ကတ္တရာလမ်း – ၁ လမ်း အရှည်၊ ၁၈၈၀ ပေ၊ အကျယ် – ၁၆ ပေ၊ ကွန်ကရစ်လမ်း – ၉ လမ်း စုစုပေါင်းလမ်းအရှည် – ၉၀၆၀ ပေ၊ အကျယ် – ၁၆ ပေ၊ ၉ လက်မထု  ကွန်ကရစ်လမ်းများ ဖြစ်ပြီး၊ ရေစီးရေလာကောင်းမွန်ရေးအတွက်  အကျယ် – ၃၀ ပေ၊ အနံ – ၄ ပေ၊ အမြင့်- ၄ ပေရှိ ကွန်ကရစ်တံတား – ၁၁ စင်းတို့အား ဖွင့်လှစ်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်း – ၄၇ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်နေ ပြည်သူစုစုပေါင်း – (၂၂၂၂၉၅) ဦးအား အကျိုးများစွာပြုမည့် လမ်းဖြစ်ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နန္ဒဝန်၊ ဝန်ထမ်း အိမ်ရာအတွင်းရှိ (၁၀၀၀)လီတာဆံ့ ရေသန့်စက်ရုံ(၃)ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ရေသန့်စက်ရုံ (၃)ရုံ အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖံွ့ဖြိုးရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးတို့က ရေသန့်စက်ရုံ (၃)ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ရေသန်စက်ရုံ အမှတ်(၁-၂-၃)တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ နန္ဒဝန်၊ ဝန်ထမ်းအိမ်ရာအတွင်းရှိ ရေသန့်စက်ရုံ အမှတ်(၁-၂-၃)တို့သည် ဝန်ထမ်းမိသားစု စုစုပေါင်း(၆၄၈)ဦးနှင့် လူပျို/အပျို (၃၅၆)ဦးတို့အတွက် စက်ရုံ(၁)ရုံလျှင် (၁)နာရီ (၃၀၀)လီတာ၊ ရေသန့်ဘူးကြီး (၁၅၀)လုံး ဖြန့်ဝေနိုင်မှာဖြစ်ပြီး ဝန်ထမ်းအိမ်ရာဝင်း တစ်ခုလုံး (၁)ရက်လျှင် ရေသန့်ဘူးကြီး (၄၅၀)လုံး အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ (၇)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ လူမူမိဒိယာများတွင် ဝန်ထမ်းများနှင့် ပတ်သက်၍ မဟုတ်မမှန်ပြောဆိုနေမှုများ၊ အကြောက်တရားဖြစ်ပေါ်အောင် ခြိမ်းခြောက်လုပ်ဆောင်နေမှုများ၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ဘုတလင်မြို့နယ်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက်ရှိသော ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ မြို့သန့်ရှင်းသပ်ရပ်သာယာရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားပြီး ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဘုတလင်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဌာနဆိုင်ရာဝန်ထမ်းများ အတွက် ငွေကျပ်- ၅ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံသို့လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က ပန်းခင်းစီမံချက် အရ ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးလပ်ငန်းများ ဆောင်ရွက်နေများအတွက် ငွေကျပ် – ၅ သိန်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်အောင်မြင်အောင်ထိုးနှံနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဘုတလင်မြို့၊ ကြောင်ပန်းတောရကျောင်းတိုက်၊ ဆရာတော်ကြီးထံ ဝတ္တုငွေ၊ လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကို ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဖေဖော်ဝါရီ ၇

          စစ်ကိုင်းတိုင်းဒေသကြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာ တွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာလည်း လွန်စွာအရေးကြီးပါကြောင်း၊ လူမူဝန်ထမ်း ဦးစီးဌာနအနေနဲ့လည်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အနေနဲ့ ဆောင်ရွက် လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများရဲ့ ကြီးကြပ်လမ်းညွှန်မှူကိုခံယူပြီး ကလေးသူငယ်များ၊ မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုများရဲ့ အခွင့်အရေးများကို မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျကျန်ရှိခြင်းမရှိစေဘဲ သာတူညီမျှ၊ တန်းတူညီမျှ ရရှိစေဖို့ ဒီထက်မက အောင်မြင်အောင် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်သွားကြပါလို့ ပြောကြားလိုပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက်  တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး က တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်ဖွံ့ဖြိုးရေး ပရဟိ တဂေဟာ (၁၁)ခုအတွက် ထောက်ပံ့ကြေးငေငွေကျပ် (၃၀,၇၆၂,၀၀၀) (သုံးရာ့ခုနှစ်သိန်း ခြောက်‌သောင်းနှစ်ထောင်)နှင့် ဘိုးဘွားရိပ်သာ(၆)ခုအတွက် ငွေကျပ်(၁၃,၀၇၈,၅၀၀)( တစ်ရာသုံးဆယ်သိန်းခုနှစ်သောင်းရှစ်ထောင့်ငါးရာ)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မသန်စွမ်းဂေဟာ (၁)ခုအတွက် ငွေကျပ်(၅၉၄,၀၀၀) (ငါးသိန်းကိုးသောင်းလေးထောင်)နှင့် အမျိုးသမီးဂေဟာ(၂)ခုအတွက် ငွေကျပ်(၈,၇၀၆,၀၀၀) (ရှစ်ဆယ့်ခုနှစ်သိန်းခြောက်ထောင်) ထောက်ပံ့ကြေးငွေများအား တာဝန်ရှိသူများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုယ့်အားကိုယ့်ကိုး မူလတန်း ကြိုကျောင်းများအတွက် ထောက်ပံ့ကြေးငွေကျပ်( ၂၀,၇၂၀,၀၀၀) (နှစ်ရာခုနှစ်သိန်းနှစ်သောင်း)တို့အား တာဝန်ရှိသူ များထံ အသီးသီးပေးအပ်ခဲ့ကြသည်။

          ဆက်လက်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား မုံရွာဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.