slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်

မုံရွာ ၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ် များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဦးတည်ချက်(၄)ရပ်အား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံအား အတန်းလိုက်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ဖြည့်ဆည်းပေးသွားမည်ဖြစ် ပါကြောင်း၊ စခန်းသွင်း လေ့ကျင့်သည့်ကာလအတွင်း လေ့ကျင့်မှုအပြည့်အဝရရှိစေရန် အချိန်ကို တန်ဖိုးထားပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အရည်အချင်းကောင်းများနှင့် ပြည့်စုံထူးချွန်ထက်မြက် သည့် ပြိုင်ပွဲဝင်များဖြစ်အောင် လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်ကြီးများ မှလည်း မိမိတို့၏မျိုးဆက်သစ်များအား ရွှေတံဆိပ်ဆုများ ရရှိအောင်သင်ကြား၊ ပို့ချ၊ လေ့ကျင့် ပေးသွားကြရန် ပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်အားလုံးအနေဖြင့်လည်း အနုပညာရှင် ဆရာကြီး/ဆရာမကြီးများ၏ သင်ကြားပို့ချပေးမည့် သက်မှတ်ပြဌာန်းထားသော သီချင်း အပုဒ်ရေအားလုံးအား ကျွမ်းကျင်ပိုင်နိုင်အောင် အနားမနေကြိုးပမ်း အားထုတ် သင်ယူလေ့ကျင့် သွားကာ ဇွဲ၊ စိတ်ဓါတ်ပြင်းထန်စွာဖြင့် ကြိုးစားသင်ယူ လေ့ကျင့်ပြီး ကျန်းမာရေးကောင်းမွန် နေစေရန် အနေအထိုင်၊အသွားအလာနှင့် စားသောက်မှုကိစ္စများအား အသိ/သတိရှိစွာဖြင့် နေထိုင်သွားကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆင့်မြင့်ပညာနှင့် ဝါ(ဒု) ကျား/မ အကပြိုင် ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ၁၀-၁၅၊ ဝါ(ဒု)နှင့် အဆင်မြင့်ပညာ မဟာဂီတ (ကျား/မ) အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ၁၀-၁၅ ၊ အဆင့်မြင့်နှင့် ဝါ(ဒု) ဝါ(ပ) ကျား အရေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ ၁၀-၁၅ ၊အဆင့်မြင့်နှင့် ဝါ(ဒု)ကျား ဆိုင်းတစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ် များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဦးစိုးမြင့်အေးက ၁၀-၁၅ ကျား/ မ အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူ များအားလည်းကောင်း၊ ပညာရေးတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော် က ၁၅-၂၀ ကျား အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ဖွံ့ဖြိုးရေးဒီဂရီ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်းက ၁၅-၂၀ မ အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာ ညွှန့်စိုးက ဝါ(ဒု)၊ဝါ(ပ) အက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအားလည်းကောင်း၊ သမဝါယမနှင့် စိမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ၁၀-၁၅၊ အလွတ်တန်း ကဗျာလွတ်အကနှင့် ကျေးလက်ရိုးရာ အကပြိုပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဦးကြည်စိုးက ဝါ(ဒု) ဝါ(ပ) မဟာဂီတ ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်က ၁၀-၁၅ ခေတ်ဟောင်းကာလပေါ် ကျား/မ အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ အား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၅-၂၀ ၊ အဆင့်မြင့်၊ ဝါ(ဒု) ဝါ(ပ)၊  ခေတ်ဟောင်း ကာလပေါ် ကျား/မ ၊ အမျိုးဂုဏ်/ဇာတိဂုဏ် ကျား/မ အဆိုပြိုင် ပွဲများနှင့် ပတ္တလား၊ စန္ဒယား၊ စောင်း၊ နှဲ၊ တယော၊ ဂီတာ၊ ပုလွေ၊ ကွက်စိပ်၊ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုလက်မှတ်များအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဆုရပြိုင်ပွဲဝင်အနုပညာရှင်များက အဆို၊ အက၊ အတီးများဖြင့်  ဧည့်ခံဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာ လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ပထမဆု – ၅၅ ဦး၊ ဒုတိယဆု – ၂၇ ဦး၊ တတိယဆု – ၁၅ ဦး၊ အထူးဆု – ၂ ဦး စုစုပေါင်း – ၉၉ ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

0-02-06-2ba1ffec5d9ef30308de4347906c99797e506a2eb407685a73abe9a7b2ab6d2a_3fbc4332d828fc70.jpg

0-02-06-966c45e203b01949cad5ec65fe09cfb948cbe8b7602ef32db27a358fc11dc591_d7992fc4d9505f46.jpg

0-02-06-569d3fb9829489afc27f25f57ed759bc345c7b8a5fec64cd767968c4bfa98038_8d1089d062861771.jpg

0-02-06-79ba1a85cee344d6710ff3384f993cee7de1dcae6e197bee21ac948072ea7676_236c868ad5f4ec99.jpg

0-02-06-68c1c21a8b18249d19b26506ba41f5cdc630e189bbc4630b715551607d775033_4e3af67f81196fc8.jpg

0-02-06-0368029ec221b27a72d510e752bd6b691bd33971beb155a4709a29a69bbccc67_cd14f5e214c78a33.jpg

0-02-06-5cd39e6056edf60ab5fb3118613d7c1588f06c95d8246e675c8ce620da42f849_198e25626c46091b.jpg

0-02-06-5733f9c365375945ee2be57b51c7e915257e6a7351cb8f1beceb6de186ef8780_60085d1fb6973cd0.jpg

0-02-06-19710803eff9727755dd79570c9525db8a05701ea6415f686cf864692cbfe5e4_702333f2144370ca.jpg

0-02-06-2214628972b5dcda31daab20b3be7c09acf6aa19669c2a72e763b13e860c9004_aeb0af1ac49b05a.jpg

0-02-06-5f47928b950d84ef56d2be3050e84ebe867abb198df2d54d5db71b1d30b5ad07_154ca65d4fe4d70.jpg

0-02-06-7105c7ace18966ffaa5a85a235d4cd904b1abcdea224b1a275d413ecc1ddc211_b59ff0f48851135f.jpg

0-02-06-8ceb679910375a5f74dce60800327c871aa69d81a3f1a7e46c89c4adabfdd1e4_266b2ba8f1de4459.jpg

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင် ဘုရားကြီးတွင် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ ရတနာစေတီဆင်များရှင် ဘုရားကြီးသို့ လာရောက်ဖူးမျှော်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရေးနှင့် ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရားကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ စုပေါင်း၍  စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေး အဖွဲ့များ စုစုပေါင်းအင်အား ၃၀၀၀ ဦးကျော်ဖြင့် ဘုရားစေတီပုထိုးများနှင့် မြို့သန့်ရှင်း သပ်ရပ် သာယာရေးလုပ်ငန်းများကို စုပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

0-02-06-af54ec4835153bbb6080813b28984bf15d1fe917c55e772f4d3009c35888f744_c032bde60ab37068.jpg

0-02-06-0fd95fad0dfd9fd5f0704d08ac2af90c89c868325dda04eb1c79f72d21ba91d6_a91c2680eaa81fc7.jpg

 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.