၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက သမဝါယမနှင့် စီမံခန့်ခွဲမှုတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အိုဇုန်းလွှာ နေ့ ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်း သား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီး မြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့အိုဇုန်း လွှာနေ့ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရေ/လေအရည်အသွေးစစ်ဆေးရေး ကိရိယာများနှင့် ဆုရပန်းချီများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးထုတ်ကုန်ပြပွဲနှင့် ဈေးရောက်ပွဲတော် အခမ်းအနား တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက် သွေးကြောပင် ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုရှင်သန်လာစေရန် ချေးငွေရရှိရေး၊ ကုန်ကြမ်းရရှိရေးနှင့် လျှပ်စစ်ရရှိရေး လိုအပ်ချက်များအား ဖြေလျှော့၊ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME များသည် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့် အလမ်း များစွာအား ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲလာစေရေးနှင့် လုပ်သာ ကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်လျက်ရှိပါ ကြောင်း၊ မိမိတို့တိုင်းအတွင်းမှ ဆန်၊ ဆီ၊ ပဲအမျိုးမျိုးစသည့် စားသောက် ကုန်များနှင့် အဝတ်အထည်များ၊ အိမ်သုံးနှင့်လူသုံးကုန်များထွက်ရှိရာ ယခုလိုထုတ်ကုန် ပစ္စည်းများအား ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် စီးပွားလုပ်ငန်းရှင်များအနေဖြင့်လည်း စက်ရုံ၊အလုပ်ရုံများ၏ ကုန်ထုတ်လုပ်ငန်းများအပေါ် မိမိတို့ ဆောင်ရွက်ပေးရန်လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် MSMEs Association of Myanmar (UMFCCI) အတွင်းရေးမှူး ဦးစိုးဟိန်းက MSMEs Development Strategy Implementation Plan ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးက စက်မှုဆိုင်ရာ မှတ်ပုံတင်ရေးကိစ္စရပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၊ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။ဆက်လက်ပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ စစ်ကိုင်းစက်မှုဇုန် ဥက္ကဌနှင့် စစ်ကိုင်းစက်မှုဇုန်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ရုံ၏လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၏ ခင်းကျင်းပြသထားသော စားသောက်ကုန်၊ လျှပ်စစ် ပစ္စည်း၊ ပရိဘောဂပစ္စည်း၊ ပလပ်စတစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မွေးမြူရေး ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်ပြခန်း စုစုပေါင်း ၆၆ ခန်းအား လိုက်လံကြည့်ရှုကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြား ရပ်ကွက်ရှိ၊ Mingalar Sagaing Market တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ ဧရိယာစတုရန်း – ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်း ပေါင်း – ၁၀၀ ကျော်ပါဝင်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရောင်းချသွားမည့် လုပ်ငန်းအခြေအနေ များအား လိုက်လံရှင်းပြသသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက် ရေးလုပ်ငန်းများ၏ အပြီးသတ်လုပ်ငန်းများကို အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရပ်ကွက်နေ ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ကုန်ပစ္စည်းများကို ဦးစား ပေးရောင်းချပေးမည့် ဈေးဆိုင်များပါဝင်သည့် ဈေးကြီးဖြစ်ရေးနှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်ရေးကို အမြဲကြပ်မတ် ထိန်းသိမ်းသွားရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



