၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုည ရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူ တော်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေ
မုံရွာ ၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက် အာရုံခံတန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်မြို့မိမြို့ဖများ တက် ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည် ကြသည်။ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူ များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများထံ အလှူရှင်များက ပုညရှင်သာသနာ့ ဗိမာန်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများအသီးသီးပေးအပ် လှူဒါန်း ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် စစ်ကိုင်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဒေါ်ညိုညိုဆွေနှင့် တာဝန်ရှိသူများက ပုညရှင်သာသနာ့ ဗိမာန်တည် ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းလျှောက် ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖြည့်စွက် လျှောက်ထားသည်။ ဆက်လက်၍ စစ်ကိုင်းတောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်တွင် အလျား – ၁၄၉ ပေ၊ အနံ – ၆၃ ပေ၊ အမြင့် – ၅၄ ပေ တိုးချဲ့တည်ဆောက် ပြီး၎င်းအပေါ်၌ အလျား ၁၂၆ ပေ၊ အနံ ၅၄ ပေ၊ အမြင့် ၁၈ ပေရှိ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာ သနာ့ဗိမာန်တည်ဆောက်နိုင် ရေးအတွက် ဆဌမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတွင် အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေကျပ် – ၅၅၁၇၄၈၆၅၀ (ငါးထောင်ငါးရာတစ်ဆယ် ခုနှစ်သိန်း လေးသောင်းရှစ်ထောင် ခြောက်ရာငါးဆယ်)ကျပ်အား လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာ၊ ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်း ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊နွေစပါးတစ်ဧက တင်းတစ်ရာကျော်ထွက်ရှိ ရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုမိမိနှင့်တာဝန်ရှိသူများ လာရောက်မှုမှာ ဒေသခံတောင်သူများ စိုက်ပျိုးလျက် ရှိသည့် ချည်မျှင်ရှည်ဝါ အထွက်နှုန်းကို တစ်ဧကလျှင် ပန်းတိုင်အထွက် ပိသာ ၇၀၀ ထွက်ရှိရေး အတွက် နည်းပညာပေးကွင်းသရုပ်ပြရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးတောင်သူများ အားလိုအပ်သည့် သွင်းအားစုများထည့် သွင်းနိုင်ရေးပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မှီအချိန်ကိုက် သတ်မှတ်ချက်များနှင့် အညီ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုး ခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးကို အားပေးကူညီလျက်ရှိပါကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး/ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ချည်မျှင်ရှည်ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးကွင်းပြပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများနှင့်အတူ တောင်သူ ဒေါ်နှင်းဦး၏ ရွှေတောင်-၁၀၊ ချည်မျှင်ရှည် ၃ ဧက စိုက်ခင်းအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရွေ့လျားဆိုလာရေဖျန်းစက်ဖြင့် စိုက်ခင်းအတွင်းရေဖျန်း ပတ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး စားဖိုဆောင်သီးနှံ မိုးငရုပ်စိုက်ခင်း သာမို-၁၁၊ ၃ ဧက အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေတင်နေမှုတို့အား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ Taw Win Myanmar Sanyu Co.,ltd အဆင့်မြင့်ဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံနှင့် တာဝန် ရှိသူများက ဝက်များမွေးမြူထားရှိမှု အခြေအနေများနှင့် မွေးမြူရေးရုံ ၁၂ ရုံ၊ တစ်ရုံလျှင် ဝက်ကောင် ရေ ၆၀၀ ၊ စုစုပေါင်းကောင်ရေ ၇၂၀၀ အား Evaporated စနစ်ဖြင့် မွေးမြူထား ရှိမှုအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ခြံအတွင်းမွေးမြူထားသော CP အမျိုးစား ဝက်များမွေးမြူထားရှိမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ၊ဆရာများ၊ အကဲဖြတ်အနုပညာရှင်များနှင့် တိုင်းဒေသကြီးအတွင်းရှိပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်း၊ခရိုင်၊မြို့နယ် အသီးသီးမှ မျိုးဆက်သစ်ရွက်ပုံးသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပြီး အရည်အချင်း ရှိသူများကို ရွေးချယ်စုဖွဲ့လေ့ကျင့်ပြီး နိုင်ငံတော်အဆင့်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အမျိုး ဘာသာ၊သာသနာနှင့်ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများအား ချစ်မြတ်နိုးစိတ်ဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်လက္ခဏာများ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများအား ဝံသာနုစိတ်ဓာတ်ဖြင့် တစ်မျိုးသားလုံးမှ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြပြီး မျိုးဆက်သစ်လူငယ်များအား ယဉ်ကျေးမှုအမွေအနှစ် အမွေ ပေးကြရန် အလေးအနက်ထားပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရဟန်း ပညာရှိ၊ လူပညာရှိ များနှင့် အနုပညာရှင်များစွာပေါ်ထွန်းခဲ့သော အစဉ်အလာကောင်းရှိခဲ့သည့် တိုင်းဒေသကြီးဖြစ်တာနှင့်အညီ မြန်မာ့သုခုမအနုပညာရပ်များအား အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက် နေရေးအတွက် ဝါရင့်၊သဘာရင့်အနုပညာရှင်ကြီးများမှ အနာဂတ်မျိုးဆက်သစ် လူငယ် မောင်မယ်များအား မိမိတို့ကျွမ်းကျင်တတ်မြောက်ထားသည့် အနုပညာရပ်များကို လက်ဆင့် ကမ်းအမွေပေး၍ မျိုးဆက်သစ်လူငယ်မောင်မယ်များမှလည်း အနုပညာရှင်ကြီးများထံမှ အနုသုခုမပညာရပ်များကို သင်ယူလိုချင်စိတ်အပြည့်အဝဖြင့် မှတ်သားနာခံပြီး အစွမ်းကုန် လေ့ကျင့်ကြိုးစား အားထုတ်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီး များအနေဖြင့်လည်း ပြိုင်ပွဲဝင်များ၏ ပကတိစွမ်းဆောင်နိုင်မှု အရည်အချင်းအား အရှိအတိုင်း သုံးသပ်ရှုမြင်ပြီး မှန်မှန်ကန်ကန်နှင့် တိုင်းဒေသကြီး၏ ကိုယ်စားပြုလက်ရွေးစင်ပြိုင်ပွဲဝင် များအား ရည်ရွယ်ချက်၊မျှော်မှန်းချက်ကောင်းများဖြင့် ရွေးချယ်ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်၊ အနုပညာရှင် ပန်တျာဦးမြကြည်တို့က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း ကျင်းပလျှက်ရှိသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင် ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင်များမှ အမျိုးသား/အမျိုးသမီး အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီး ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၀ ခရိုင်မှ ပြိုင်ပွဲဝင်အနုပညာရှင် ၃၁၇ ဦး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



