၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုး မြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း ၅/၂၀၂၃ ဖွင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ၏ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် ၅/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင် တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မိသားစုစားဝတ်နေရေးကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှု နည်းပါးခြင်းသည် ကလေး အလုပ်သမားများဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများဖြစ်ပြီး ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သော ကလေးများ လုပ်ငန်းခွင်မှ ဖော်ထုတ်ဖယ်ရှားရုံသက်သက်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအရ အကာ အကွယ်ပေးခြင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုအလိုက်ဝင်ငွေတိုးတက်ရရှိရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများဆောင်ရွက်ပေးခြင်း၊ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့အား အစိုးရနှင့်အရပ်ဘက် လူမှုအဖွဲ့ အစည်းအားလုံးမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှကြသာ ကလေးအလုပ်သမားပ ပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊ ကလေးငယ်များအပေါ် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရန်နှင့် သင်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးအတွက် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် ရည်ရွယ်၍ သက်မွေးပညာသင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သား၍ သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့် ပညာရပ်များဖြင့်ဝင်ငွေရရှိမည့် အလုပ်အကိုင်များရရှိကာ မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက် တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး သင်ကြားမှုအထောက်အကူပြု အခြေခံပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။အဆိုပါ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအား ရက်သတ္တပတ်အကြာ မုန့်လုပ်နည်း ၂၀ မျိုးအား စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား၊သင် တန်းသူ ၂၅ ဦး တက်ရောက် သွားမည်ဖြစ်သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း ခင်းကျင်းပြသထားသော တန်ဖိုးမြှင့် အစားအစာထုတ်မှုတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများအတွက်စားသုံးရန် စိုက်ပျိုးထားသည့် ဓာတုကင်းလွတ် Home Graden ဟင်းသီးဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ သို့ တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ ကို စက်တင် ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ် ထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန်နှင့် တိုးတက်များပြားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အနေဖြင့်လည်း မိမိလုပ်ငန်းဆောင်ရွက် မည့်မြေနှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ထားရှိဖို့ရန် လိုအပ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်း များကို အားပေးနေသည့်အတွက် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ညီပါက တုန့်ဆိုင်းမှုမရှိဘဲ ခွင့်ပြုပေးသွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင် များမှလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လျာထားချက်ပြည့်မီအောင်ဝင်ရောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေ များနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် Taw Win Myanmar Sanyu Co.,ltd ကမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့်အညီဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြလာခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် Taw Win Myanmar Sanyu Co.,ltd မှ ဦးစန်းယုက ဝက်မွေးမြူ ရောင်းချခြင်းလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မွေးမြူထုတ်လုပ် ရောင်းချသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက Taw Win Myanmar Sanyu Co.,ltd ၏ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလာခြင်းနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေး သို့တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက် များပေါ်လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



