၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
မုံရွာ ၊ စက်တင်ဘာ ၁၂ စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ် များနှင့် စက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဆန်၊ ဆီ၊ ပဲဖူလုံပြီး စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသ၊ကျေးလက်တောရွာ များတွင် စားသုံးဆီဖူလုံသော်လည်း၊ အခြေခံလူတန်းစားအများစု နေထိုင်သည့်မြို့ပြများတွင် ဆီလိုအပ်ချက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် မြို့ပြနေပြည်သူများအားလုံး လုံလုံ လောက်လောက်ရရှိရေး တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ် ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းကျတည်ငြိမ်ရေး ကော်မတီဝင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များ၊ နာဂဒေသအပါအဝင် ခရိုင် အသီးသီးမှ တာဝန် ရှိသူအားလုံး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီများကိုစနစ်တကျ ဖြန့်ဖြူးရောင်းချရေး ဆောင်ရွက်ရန် လျာထားစီမံမှုများအား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြ ရန်နှင့် အကောင်းဆုံး လုပ်ဆောင်နိုင်မည့်နည်းလမ်းများအားအတည်ပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုအပ်ပြီး ပါဝင်သူအားလုံးမှစိတ်စေတနာအပြည့်နှင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံတို့မှ စားအုံးဆီရောက်ရှိမှု၊ ခွဲဝေချထားမှု၊ ဝန်ထမ်းများနှင့်ပြည်သူများအား ဝန်ထုတ်ဝန်ပိုးမရှိစေဘဲ ရောင်းချမည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးဆီကုန်သည်အသင်း မှ ကိုယ်စားလှယ်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအခြေအနေများအား အသီးသီး ရှင်းလင်းတင်ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ စားအုံးဆီရရှိမှုနှင့် ရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုံးဆီရောင်းချမှု များနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖွံ့ဖြိုးတိုးတက်မှုအား လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက်အလက်များကိုဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များ တိတိကျကျမှန်မှန်ကန်ကန် ရရှိနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအား အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဆက်စပ်ဌာနများနှင့် မြေပြင်တွင်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ များပြား သည့်အတွက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအောက်တွင် လုပ်ငန်းများအချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် တိုက်ရိုက်ညွှန်ကြားကွပ်ကဲနိုင်မည့် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်း ဆောင်ရွက် ထားရှိပါကြောင်း၊ သန်းခေါင်စာရင်းအား အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံ လာနိုင်သည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မုံရွာမြို့နယ်ရှိ ရပ်ကွက်(၂)ရက်ကွက်နှင့် ကျေးရွာ(၈)ရွာတွင် ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် တစ်ခုလုံးပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူ၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ဆက်လက်ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာမြို့ပေါ်ရှိ ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၂ ရွာတို့တွင် စာရင်းကောက်ကွက်ပေါင်း ၁၀ ခုတွင် စာရင်းကောက်ကွက်တစ်ခုလျှင် အိမ်ထောင်စု ၁၂၅ စုခန့်၊ စုစုပေါင်း ၁၂၅၀ စုခန့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



