slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂)ကြိမ်မြာက် အစည်းအဝေးတက်ရောက်

ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) ကြိမ် မြောက်အစည်းအဝေးကို ဇန်နဝါရီလ(၂၅)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့၊ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများ ရှိတဲ့ အပြင် ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသား ရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်းရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်လုပ်ငန်း၊ ဒေသ ဧည့်လမ်းညွှန်နဲ့အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဝင်ငွေစီးဆင်းသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင်ခရီးသွားလုပ်ငန်းဟာ မြို့ပြဒေသသာမက၊ ကျေးလက်ဒေသတွေ မှာပါ ကျွမ်းကျင်တဲ့အလုပ်သမားအတွက်ရော၊ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားအတွက်ပါ အလုပ်အကိုင်ဖန်တီးပေးနေတာမို့ တိုင်းဒေသကြီးကလည်း ဧရိယာကျယ်ဝန်းတာဖြစ်လို့ ခရီးသွားလုပ်ငန်းကို တိုးတက်ဖို့ကိုတက်နိုင်သမျှ အချိုးညီညီ ဒေသအလိုက်တာဝန်ရှိသူများ၊ ဒေသခံများနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဖြည့်စွက်လမ်းညွှန်မှာကြားချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ပေးထားမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေများနှင့် ဇန်နဝါရီလအတွင်း ခရီးသွားဝင်ရောက်တည်းခိုမှုအခြေအနေ၊ ဒီဇင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှုအခြေအနေနှင့် ဟိုတယ်မိုး လုပ်ငန်းလိုင်စင်သက်တမ်း တိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-၂၀၂၂ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး လုပ်ငန်းညှီနှိုင်းအစည်းအဝေး တက်ရောက်

ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-၂၀၂၂ ခုနှစ်၊ စိုက်ပျိုးရေးရာသီတွင် နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး လုပ်ငန်းညှိနိုုင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီး / ခရိုင်အဆင့် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့ တိုင်းဒေသကြီး ဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုကောင်းမွန်သည့်အတွက် စပါးစိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ နွေစပါးစိုက်ပျိုးမှုမှာ ဆည်ရေရရှိ မှုကို အဓိကအားထားကာ မှီခိုစိုက်ပျိုးရတာကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်နွေစပါး နှင့်အခြားသီးနှံ စိုက်ပျိုးရန်အတွက် ရေပေးဝေမည့်သဖန်းဆိပ် ရေလှောင်တမံတွင် ပြည့်စုံသည့် ရေဧရိယာပမဏ သိုလှောင်ထားပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးနိုင်ရန်အတွက် လိုအပ် သည့်ပြင်ဆင်မှုများကို အချိန်မီဆောင်ရွက်ထားကာ မျိုးကောင်းမျိုးသန့်များကို နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရန်ရာတွင် အထွက် နှုန်းတိုးရေးအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာကို သက်သာသောနှုန်းဖြင့် ထောက်ပံ့ပေး ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီမှာ နွေစပါးလျာထား ဧက စုစုပေါင်း – ၃၄၇၂၀၀ (သုံးသိန်းလေးသောင်းခုနှစ်ထောင်နှစ်ရာ) ဧက လျာထားပြီး နွေအခြားသီးနှံလျာထားဧက – ၇၉၁၃၀ (ခုနှစ်သောင်းကိုးထောင့် တစ်ရာ သုံးဆယ်)ဧက၊ စိုက်ပျိုးမှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ အရင်းအမြစ်များနဲ့ တိုင်းဒေသကြီး ကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်လိုသော စေတနာတို့ပေါင်းစပ်ကာ ရာခိုင်နှုန်းပြည့် စိုက်ပျိုး ပြီးစီးအောင် ကြိုးစားလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းလွင်က နွေစပါးနှင့်အခြားသီးနှံ လျာထားစိုက်ပျိုးမည့် အစီအစဉ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးစောသက်ခိုင်ဝင်းမှ စိုက်ပျိုးရေပေးဝေရေးအတွက် လုပ်အားလိုအပ်မှု အခြေအနေများကို လည်းကောင်း၊ ရွှေဘိုနှင့်ရေဦးခရိုင်တို့မှ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ လက်ထောက်ညွှန်ကြားရေးမှူးများက သဖန်းဆိပ် ဆည်ရေသိုလှောင်ထားမှုနှင့် ဆည်ရေပေးဝေမည့် အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်မှ မြစ်ရေတင်များမှ မြစ်ရေတင်နှင့်စက်ရေတွင်းများ ရေပေးဝေမည့် အစီအစဉ်များအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုက ထွန်ယက်ရေးနှင့် ကောက်စိုက်စက်များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးဝင်းလိူင်ဦးက နွေစပါးနှင့် အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက် ထားရှိမှုများအား လည်းကောင်း၊ ရွှေဘိုနှင့်စစ်ကိုင်းခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Videoconferencing စနစ်ဖြင့် လည်းကောင်း၊ ကန့်ဘလူနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးပြီးစီးရေး ဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး တို့က တိုင်းဒေ သကြီးအတွင်း နွေစပါးနှင့်အခြားသီးနှံများ ရာနုန်းပြည့်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူ များမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.