၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အိုးဘိုတောင် ရပ်ကွက်များတွင် နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းများ ခင်းကျင်းနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး
ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက် နံနက်ပိုင်းတွင် မုံရွာမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget ဖြင့် ဆောင်ရွက်လျက်ရှိသော မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ အရှည် – ၂၅၀၀ ပေအား၊ အကျယ် – ၁၈ ပေအား နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်း အရှည် – ၂၅၅၀ ပေနှင့် စိန်ပန်းဝါလမ်း အရှည် – ၂၆၀၀ ပေအား နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အိုးဘို တောင်ရပ်ကွက်ရှိ စိန်ပန်းနီလမ်း အရှည် – ၉၇၀ ပေအား အကျယ် – ၁၈ ပေ ကတ္တရာ လမ်းခင်းကျင်းနေမှု၊ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများရှင်းလင်းနေမှု၊ ရေနုတ်မြောင်းများတူးဖော်ပေးနေမှုနှင့် ထင်းရှုးလမ်း အရှည် – ၉၇၀ ပေအား ကတ္တရာလမ်းခင်းရန် လမ်းပြင်ဆင်နေမှုများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကတ္တရာလမ်းခင်းနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လမ်းများအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၃/၂၀၂၂) တက် ရောက်ခြင်းနှင့် အမှတ်(၄) တပ်မတော်ဆေးရုံ ( ကုတင်-၃၀၀ )တွင် ဆေးကုသမှုခံယူ နေသောလူနာများအား စားသောက်ဖွယ်ရာများပေ
ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ဇန်နဝါရီလ(၂၀)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တာဝန်ရှိသူများမှ Phase 6 ကာကွယ် ဆေးများကို ရည်မှန်းချက်ထားရှိပြီး လျာထားချက်များအတိုင်း ပြည့်မီအောင် ထိုးနှံနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည် ဖြစ် ပါကြောင်း၊ ၁ လအတွင်း ထိုးနှံရမည့် ကာကွယ်ဆေးများကို သက်မှတ်ရာနှုန်းပြည့် ထိုးနှံနိုင်ရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြေင်း၊ ကာကွယ်ဆေးများအား ထိုးနှုန်းမြင့်မားကာ ထိုးနှံနိုင်သည့်နေရာများသို့ ပို့ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများအား ခွဲဝေဖြန့်ဖြူးပေးရာတွင် စာရင်းများစနစ်တကျ ရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံ သည့်နေရာများတွင်လည်း လုံခြုံရေးပေါ့ဆမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ် ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံး စွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၄)တပ်မတော်ဆေးရုံ ကုတင်-၃၀၀ သို့ရောက် ရှိကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူ နေကြသူများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာ များအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



