၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဆဋ္ဌမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနား တက်ရောက်
မုံရွာ စက်တင်ဘာ ၅
အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများအား အမီလိုက်နိုင်ရန်နှင့် မိမိတက်သိထား သောပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည့်၀ သော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဆမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကို စက်တင်ဘာ လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမော က္ခချုပ်၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကမ္ဘာသည် IT နည်း ပညာ အားအသုံးချပြီး အသစ်၊အသစ်သောနည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျှက်ရှိပါ ကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အစဉ်တစိုက်အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် စက်မှု လက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်များအား ပြုစုပျိုး ထောင်ပေးရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးမားပြီး၊ စိတ်ကောင်းနှလုံးကောင်းရှိသည့် နိုင်ငံ သူ၊နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များအား နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ကျောင်း သူများ၊ ဆရာ၊ဆရာမများအနေဖြင့် အလေးထားကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊
ကမ္ဘာတဝှမ်းမှ တိုင်းပြည်များတွင်လည်း ပြည်သူလူထုအား ဝန်ဆောင်မှုတိုးမြှင့်နိုင် ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်မှုအား အရေးကြီးကဏ္ဍအနေဖြင့် ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားအားလုံးအနေဖြင့်လည်း ဒစ်ဂျစ်တယ် နည်းပညာအား ကျွမ်းကျင်စွာအသုံးပြုတတ်သူများ ဖြစ်လာစေရန်လိုအပ်ပြီး ဆန်းသစ်တီထွင်မှုများအား အမြဲမပြတ်လုပ်ဆောင် သွားကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ပူးပေါင်းပါဝင်လုပ်ဆောင်ကြရမှာဖြစ်သည့်အတွက် နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက် မြက်သော IT လူ့စွမ်းအားအရင်းအမြစ် ပညာရှင်များဖြစ်လာကြစေရန် တိုက်တွန်းပြောကြေား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါမောက္ခချုပ်ထံ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၂၃ ခန်းတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျှက်ရှိ သည့်ကုမ္ပဏီများ လျာထားချက်အပြည့်အ၀ ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေး တက်ရောက်
မုံရွာ သြဂုတ် ၂၁
ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝ ထုတ်လုပ် ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့် တာဝန်ခံများတက်ရောက်ကြပြီး အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြ သည့် လုပ်ငန်းရှင်များအနေဖြင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက် ပြည့်မီ စွာထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများအားလုံး သယ်ယူနိုင်ရေးအတွက် လိုအပ် သည်များကိုပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း လိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် မှာကြားပါကြောင်းနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေး များအား လေလွင့်ဆုံးရုံးမှုမဖြစ်စေဘဲ၊ ဈေးကွက်သို့အမြန် တင်ပို့နိုင်ရေးအတွက် ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်ချိန်အတွင်း သယ်ယူပို့ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအတွက် ကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ယခုအစည်းအဝေးတွင် ပွင်းပွင်း လင်းလင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးသိန်းက မိမိတို့ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းမီးသွေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေး ထုတ်လုပ်နေမှု၊ သယ်ယူရေးဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ် သယ်ယူမည့်အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန် လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့်အဝထုတ်လုပ်ရေး/သယ်ယူရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဖြည့်စွက်တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



