slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နန်းယွန်းမြို့နယ် ပန်းခင်း စီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၆)ရက်၊ နေ့လည်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒပါလ ထံ လှူဘွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအား တွေ့ဆုံခြင်းနှင့် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများ ပြည် ထောင်စုဖွားတိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်ပွဲများအပေါ် အလေး အနက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသခံနာဂတိုင်းရင်းသားများထံနိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပြီး ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော နန်းယွန်းမြို့နယ်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြင့်ငွေ (၅)သိန်းအား လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ လဟယ်မြို့၊ လေရှီးမြို့နယ် များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်(၅၀၀)အိတ်နှင့် ဆိုလာမီး (၂၀၀)စုံတို့အား နာဂဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းထံ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လုံခြုံရေးရဲတပ်ဖွဲ့များအား ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက နန်းယွန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် (၅)သိန်းအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနှင့် Vounteer များအတွက် ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လဟယ်မြို့နယ်ရှိ ကျေးရွာ(၃)ရွာမှ အိမ် ထောင်စု (၂၀၂)စု၊ လူဦးရေ(၁၃၉၂) ဦးတို့အတွက် (၁)လစာ ဆန်ရိက္ခာဖိုး ငွေကျပ် – ၁၂၅၂၈၀၀၀ (တစ်ရာနှစ်ဆယ့်ငါးသိန်းရှစ်ထောင်)အား လည်းကောင်း တာဝန်ရှိသူ များထံ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦးက နန်းယွန်း လေရှီးနှင့် လဟယ်မြို့နယ်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆိုလာမီး (၁၀၀)စုံနှင့် ငွေကျပ် သိန်း(၁၀၀)တို့အား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဒေသခံနာဂတိုင်းရင်းသူလေးများက ရိုးရာအကဖြင့် ကပြတင်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အကအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံနာဂတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

နန်းယွန်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန အနေဖြင့် “ ပန်းခင်း ” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလ မှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်န ဝါရီလ (၁၄)နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက် ပေးခဲ့၍ သက်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၄၃)ရာခိုင်နှုန်းထိ ပြီးစီးခဲ့ ကြောင်းသိရှိရသည်။

ဆက်လက်ပြီး တိုင်းသေကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အသက်- ၁၂ နှစ်အထက် ဒေသခံကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေခဲ့ပြီး အဆိုပါဆေးရုံဝန်းအတွင်း အောက်ဆီဂျင် စက်ရုံ ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နန်းယွန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသာ ဒေသခံ နာဂတိုင်းရင်းသားများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံတွင်တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ် (၅)သိန်းတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ “ ပန်းခင်း ” စီမံချက်ချာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ခန္တီးမြို့နှင့်ဆင်သေကျေးရွာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

မုံရွာ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ (၁၅)ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၏ “ပန်းခင်း”စီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ပြီး ”ပန်းခင်း ” စီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော ခန္တီးမြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ရှမ်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကချင်တိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က နာဂတိုင်းရင်း သားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ချင်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံပြည်သူ ဦးဉာဏ်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးခဲ့သည်။ ခန္တီးမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအနေဖြင့် “ပန်းခင်း” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၁၄)နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သတ်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၁၄.၈)ရာခိုင်နှုန်းထိပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်နေ အသက်ပြည့်မီလာသည့် ပြည်သူများအား ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထပ်မံပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် ခန္တီးမြို့၊ ဇီးဖြူးကုန်းရပ်ကွက်ရှိ နာဂရိုး ရာကွင်းတွင် ဒေသခံပြည်သူများအား Phase 6 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား ကြည့်ရှုအားပေခဲ့ သည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန် စေတီတော်ကြီးအား ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်နှင့် ခန္တီးမြို့မြစ်ကမ်းတစ်လျှောက်ရေတိုက်စားမှုမှ ကာကွယ်ရေးဆောင်ရွက်ထားသည့် ရေထိန်းတာဘောင်များကြံ့ခိုင်မှုနှင့် ချင်းတွင်းမြစ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြစ်အတွင်းသန့်ရှင်းသပ်ရပ်ရေးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ၌ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ထားသော နမ်မုံ-ဆင်သေ-ကချင် နမ့်သဲကြီးချောင်းပေါ်ရှိ အရှည်-၁၈၀ ပေ၊ အကျယ်-၂၀ ပေ၊ သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်ချဉ်းကပ်လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာ အဝင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းမည့် နေရာအားကြည့်ရှုစစ်ဆေးပြီး ဆင်သေကျေးရွာ၊ ပညာရေးဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှုတို့အား လည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.