slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွက်အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်

ဇန်နဝါရီ ၆

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းရီ၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလိူင်နှင့် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းတို့က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနများအလိုက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ဘက်ဂျက်ရရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်ရန် လျာထားမှုများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာကိစ္စရပ်များနှင့် ခွင့်ပြုလျာထားလုပ်ငန်းများကို သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဝန်ကြီးချုပ်ဦးမြတ်ကျော် တည်ငြိမ်အေးချမ်းရေးနှင့်လုပ်ငန်းများအောင်မြင်အောင်အကောင်ထည်ဖော်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေးနှင့် လွတ်လပ်ရေးအထိမ်းအမှတ် ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၃) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြား ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များ အတွင်းရှိ  ခရိုင်/မြို့နယ်များ၏ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အခွန်အခများ ကောက်ခံနေမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ တင်ဒါစနစ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိုးစပါးများ ရိတ်သိမ်းပြိးစီးမှုနှင့် နွေစပါးစိုက်ပျိုးရန်ပြင်ဆင်နေမှု၊ ဆောင်းသီး နှံများစိုက်ပျိုးပြိးစီးမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ရွာသန့်ရှင်းသပ်ရပ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်  အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းများ အောင်မြင်ရေးတို့နှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၄)ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုချီးမွှင့်ခြင်းအခမ်းအနားသို့တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှုထမ်းကောင်းဆု၊ ဇေယျာစီမံထူးချွန်ဆု (ဒုတိယ)ဆင့်၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု (ဒုတိယ)ဆင့် (တတိယ)ဆင့်၊ ဇေယျာစက်မှုစီးပွားထူးချွန်ဆု (ဒုတိယ)ဆင့်၊ ဇေယျာလူမူထူးချွန်ဆု (ပထမ)ဆင့် ရရှိသူများအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေး အပ်ချီးမွှင့်ခဲ့သည်။

ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ဝန်ကြီးချုပ်၏ဂုဏ်ပြုလက်မှတ်ရရှိကြသော တပ်နယ်များမှ တပ်မတော်အရာရှိများအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့က ဝန်ကြီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိကြသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရဲတပ်ဖွဲ့များအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးအေးလိူင်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီး ပေးချီးမွှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.