slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ် ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားနှင့် မုံရွာမြို့ အဆင့်မြင့်ကားကြီးကွင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ် လွှာဖတ်ကြားခြင်း အခမ်းအနားကို ဇန်နဝါရီလ (၄)ရက်၊ နံနက်(၇)နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာကျောက်တိုင်ကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်အား ဂုဏ်ပြုတပ်ခွဲမှ အလေးပြုကြပြီး တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြု ကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ၂၀၂၂-ခုနှစ်၊ (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှ အလေးပြုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်သူများက သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်ရှိ အဆင့်မြင့်ကားကြီးကွင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုး၊ မော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင် တို့က အခမ်း အနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဆင့်မြင့်ကားကြီးကွင်း ဆိုင်းဘုတ်မုဒ်ဦးအား စက်ခလုတ်နှိတ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့် ဆိုင်းဘုတ်မုဒ်ဦး အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြပြီး မုံရွာမြို့မှအခြေပြု ပြေးဆွဲနေသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများသို့ ခရီးသည်တင် မော်တော်ယာဉ် စီးနှင်းကြ သည့်ခရီးသည်များအား ရင်းရင်းနှီးနှီးလိုက်လံ နုတ်ဆက်ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ ကားဂိတ်ခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆင့်မြင့်ကားကြီးကွင်းအတွင်းမှ ခရီးသည်တင်မော်တော်ယာဉ်များ စတင်ထွက်ခွာနေမှု အား နုတ်ဆက်အားပေးခဲ့ကြသည်။ အဆိုပါ အဆင့်မြင့်ကားကြီးကွင်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေဧက (၈)ဧကအကျယ်တွင် အဝေးပြေးကားကြီးဂိတ် အခန်း ၃၀ ခန်း၊ စားသောက်ဆိုင်ခန်း ၁၆ ခန်း၊ အများဆုံးသန့်စင်ခန်း၊ အဆင့်မြင့်ကားဝပ်ရှော့နှင့် ကားကြီးများရပ်နားရန်နေရာ ကွန်ကရစ်လမ်း – ၁၆၇၂၈ စတုရန်းပေ၊ ကားအဝင်/အထွက် လမ်းဧရိယာ – ၂၂၈၄၄၂ စ တုရန်းပေတို့ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၄)နာရီ မိနစ်(၂၀)အချိန်တွင် မုံရွာမြို့၊ ကန်သာယာကျောက်တိုင်ကွင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နံနက် (၄)နာရီ မိနစ်(၂၀) အချိန်တွင် မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။ 




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြင့်ပွဲအခမ်းအနား တက်ရောက်

ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ (၃)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သော ၂၀၂၂-ခုနှစ်၊ (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပြည်သူ့ အားကစားကွင်းအတွင်း ပြသထားသော (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့အကြို အထိမ်း အမှတ် နံရံကပ်ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး/ ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်း သား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ အားကစားများ ယှဉ်ပြိုင် နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားလွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဥပဒေ ချုပ်တို့က ခြင်းလုံးခတ်သရုပ်ပြအဖွဲ့၊ အမျိုးသမီးစကောရွက်ပြိုင်ပွဲ၊ ကျား/မ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ ကျား/မ မီတာ(၅၀) ဂုန်နီအိတ်စွက်ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၅) အာလူးကောက် အပြေး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိကြသော အားကစားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကျား/မ မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ ကျား/မ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ ကျား/မ မီတာ (၄၀၀)အပြေး ပြိုင်ပွဲ၊ မီတာ(၅၀) ၂ ယောက်တွဲ ခြေပူးအပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်(၁)ယောက်တွဲနှင့် (၂) ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိကြသော အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.