၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၈/၂၀၂၁) တက်ရောက်
မုံရွာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး (၈/၂၀၂၁)ကို ဒီဇင်ဘာလ (၂၇)ရက်၊ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကား ပြောကြားရာတွင် “ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု မဝင်ရောက်သေးပေမဲ့ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံသားရင်းနှီး မြုပ်နှံမှုကော်မရှင်က ယခင်ကြန့်ကြာနေတဲ့ ဇလုံတောင်ယာဉ်ရပ်နားစခန်းနဲ့ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ခွင့်ပြုပေးခဲ့တာ တွေ့ရှိရပါကြောင်း၊ လက်ရှိအခြေအနေမှာ စီးပွားရေးအရ ပြန်လည်လည်ပတ်နိုင်ရုံသာမက အခြေအနေအရပ်ရပ်မှာလည်း တိုးတက်ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ကော်မတီ အဖွဲ့ဝင်များမှလည်း စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာအောင် ကြိုးစားပေးကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပြုလုပ်မည့် စီမံချက်များနှင့် International Trade Center- ITC နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်း Action Plan တွင်ပါဝင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြကာ အစည်း အဝေးသို့ တက်ရောက်လာသူများက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာသုံးစက်ကိရိယာ အခြေခံ မောင်းနှင်ထိန်းသိမ်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် သိန်းမင်း ဝါကြိတ်စက်ရုံလည်ပတ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
မုံရွာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၇)ရက် နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ တောင်သူများ၊ လယ်ယာလုပ်ငန်းမှာ ဆက်စပ်လုပ်ကိုင်နေတဲ့ ကျေးရွာနေပြည်သူများအတွက် လယ်ယာသုံးစက်ကိရိယာများကို ကိုယ်တိုင်မောင်နှင်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်ကောင်းနဲ့ ဖွင့်လှစ်တဲ့ သင်တန်းတစ်ခု တနည်းအားဖြင့် လယ်ယာစိုက်ပျိုး ရေးကဏ္ဍအတွက် အထူးအထောက်အကူပြုမဲ့ သင်တန်းလို့ ဆိုရမှာဖြစ်ပါကြောင်း၊ သီးနှံ များကိုစိုက်ပျိုးထုတ်လုပ်ရာမှာ အချိန်မီထွန်ယက်နိုင်ဖို့၊ စိုက်ပျိုးနိုင်ဖို့၊ ရိတ်သမ်းနိုင်ဖို့ သမရိုး ကျ ကျွဲ၊ နွား၊ လူများဖြင့် ဆောင်ရွက်ခြင်းထက် စက်ကိရိယာများကို သုံးစွဲဆောင်ရွက်ခြင်းက တောင်သူများအတွက် ပိုမိုအကျိုးများစေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးတဲ့အခါမှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိကျေးရွာ၊ မိမိမြို့နယ်၊ မိမိတိုင်းအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတွေမှာအကျိုးပြုစေမှာ ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှာ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိများက လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှုသင်တန်းသို့ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ သင်တန်းသား (၃၀)ဦးတက်ရောက်ကြပြီး သင်တန်းတွင် တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း၊ ထွန်စက်ကြီး အခြေခံမောင်းနှင်ထိန်းသိမ်းနည်း၊ ကောက်စိုက်စက် ပြုပြင်မောင်းနှင် ထိန်းသိမ်းနည်းများကို သင်တန်းချိန်(၇၀)ချိန်ဖြင့် ဒီဇင်ဘာလ (၂၇)ရက် နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှုသင်တန်းတွင် အသုံးပြုမည့် ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် သမန်းနိုးကိရိယာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ သိန်းမင်းစက်မှုလုပ်ငန်းအဖွဲ့ ဝါကြိတ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဝါကြိတ်ခွဲနေမှု၊ ဂွမ်းထုပ်နေမှုနှင့် အချောထည်စောင်များ ထုတ်လုပ်နေမှုတို့အား လှည့်လည်လိုက်လံရှင်းလင်းပြသပြီး ရှင်းလင်းဆောင်တွင် ဝါကြိတ်စက်ရုံ လည်ပတ်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



