၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ ဒီဇင်ဘာ ၂၄
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၃)ရက် ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လု ပွဲစဉ်များအဖြစ် ၄၀-၄၅ ကီလ်ို အမျိုးသမီး ဓား(၁)လက်အတိုက်ပြိုင်ပွဲနှင့် ၅၃-၅၇ ကီလို အမျိုးသားဗန်တိုအတိုက် ပြိုင်ပွဲများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက က ၅၃-၅၇ ကီလို အမျိုးသားဗန်တိုအတိုက် ပြိုင်ပွဲများတွင် ဆုရရှိသူ များအား ငွေသားဆုနှင့်ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် က ၄၀-၄၅ ကီလို အမျိုးသမီး ဓား(၁)လက်အတိုက် ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မြန်မာ့သိုင်းပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော အမျိုးသမီးအားကစားသမားများအား ငွေသားဆုနှင့် ဆုတံဆိပ်များအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင် က မြန်မာ့သိုင်း ပြိုင်ပွဲ တွင် အမျိုးသားအကောင်းဆုံးဆု ရရှိကြသော အားကစားသမားများအား ငွေသားဆုနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တံခွန်စိုက်တတိယဆုရရှိသော စစ်ကိုင်းခရိုင်အသင်းအား ငွေသားဆု ကျပ်(၂)သိန်းနှင့် တံခွန်စိုက်ဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက တံခွန်စိုက်ဒုတိယဆုရရှိသော ရွှေဘိုခရိုင် အသင်းအား ငွေသားဆုကျပ်(၃)သိန်းနှင့် တံခွန်စိုက်ဆုအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တံခွန်စိုက် ပထမဆုရရှိသော မုံရွာခရိုင်အသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုကျပ်(၅)သိန်းအား ပေးအပ်ချီးမြင့်ပြီး တာဝန်ရှိသူများအတူ ဆုရအားကစားသမားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၄၂/၂၀၂၁) တက်ရောက်
ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၄၂/၂၀၂၁)ကို ဒီဇင်ဘာလ(၂၃)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးများ၊ အောင်မြင်စွာထိုးနှံပြီးစီးရေးအတွက် အပတ်စဉ် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍အစည်းအဝေးပြုလုပ်ကာ ညှီနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပေးအပ်သောတာဝန်နှင့် ရည်မှန်ချက်များအား ကျေပွန်အောင် ဆောင်ရွက်ရ မည်ဖြစ် ပါကြောင်း၊ ကူးစက်မှုများလျော့ကျသွားသော်လည်း အသိပညာပေးခြင်းနှင့် ကြပ်မတ် စစ်ဆေးမှုများအား မလျော့ချရန်နှင့် အခြေအနေပေးသည့်နေရာများတွင် ရောဂါပိုး စစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ရောဂါပိုစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုနှံခြင်းအပြင် Mobile စနစ်ဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊ ရောဂါပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းများကို အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း “ ပြောကြားခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြား ကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ် လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှုနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



