၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်မှုဇုန်လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာစက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၁)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာစက်မှုဇုန် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာစက်မှုဇုန်၊ မုံရွာစက်မှုဇုန်ခွဲ(ရွှေဘို)၊ မုံရွာစက်မှုဇုန်ခွဲ(စစ်ကိုင်း)၊ ကလေးစက်မှုဇုန်ဆိုပြီး စက်မှုဇုန်(၄)ခု တည်ထောင်ဖွင့်လှစ်ပြီး စပ်ရုံအလုပ်ရုံ စုစုပေါင်း(၈၂၁)ရုံဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာရှိတဲ့ မှတ်ပုံတင်ပုဂ္ဂလိက စက်မှုလုပ်ငန်းများဟာ များသောအားဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများဖြစ်တာကြောင့် ၎င်း(MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြုပ်နှံမှုများရရှိရေးနှင့် ချေးငွေဆိုင်ရာမူဝါဒများ ပြောင်းလဲသတ်မှတ်ရေးများကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သလို မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလမှာလည်း လိုအပ်သည်များပံ့ပိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ချေးငွေရရှိနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှ တာဝန်ရှိသူများ၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဝန်ဆောင်မှုများပေးခဲ့ရာ လုပ်ငန်းစုစုပေါင်း (၆၉၄)ခုမှ ကိုဗစ်-၁၉ ချေးငွေထုတ်ယူခွင့် (၁၂၅၈၀.၅)ကျပ်သန်း ရရှိခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက်နိုင်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးသွာမှာ ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာစက်မှုဇုန် ဥက္ကဌနှင့် စက်မှုဇုန်လုပ်ငန်းစု ကော်မတီများမှ တာဝန်ရှိသူများက မိမိတို့စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် အခက်အခဲများ အားအသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ စက်မှုလုပ်ငန်းများတွင် မိမိတို့ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များရှိပါက ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း အသီးသီး ပြောကြားကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းတို့က စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စက်မှုဇုန်ဥက္ကဌနှင့် ကော်မတီဝင်များအား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဘိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း အမှတ်စဉ်(၂/၂၀၂၁)ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၀)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိတို့ဒေသနဲ့ စီးပွားရေးလုပ်ငန်းခွင် အခြေအနေများအရ လိုက်လျောညီထွေမှုရှိစေတဲ့ တစ်နည်းအားဖြင့် အခြေအနေပေးမဲ့ လုပ်ငန်းများအတွက် အသက်မွေးမှုနဲ့ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးသည် အလုပ်သမားများ၏ လူမူအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရသည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်သက်မှတ်ပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ အနေဖြင့် မဖြစ်မနေ ညှိနိုင်းစီမံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသူများအဖြင့် သင်တန်းက ပို့ချပေးတဲ့ နည်းပညာရပ်များကို စာတွေ့လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိတ်ပါ ဝင်စားစွာဖြင့် နာယူမှတ်သားပြီး သင်တန်းကချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းများကိုလည်း အပြည့်အဝလိုက်နာကြပါ၊ အထူးသဖြင့် ရက်တိုကာလ သင်တန်းဖြစ်တဲ့အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်ကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဖြိုးက တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင် တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးပြီး သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဘိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁)သို့ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလကို ဒီဇင်ဘာလ (၂၀)ရက်နေ့မှ ဒီဇင်ဘာလ (၂၆)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



