၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပဲမျိုးစုံသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မုံရွာမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ လ(၁၉)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့နယ် ထနောင်းတောကျေးရွာ၊ ဟင်းသီးဟင်းရွက် အထူးဇုန်စိုက်ခင်းသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားဖိုဆောင်သီးနှံနှင့်ဟင်းသီးဟင်းရွက် (၃၁၈.၀၀)ဧက စိုက်ပျိုးထားရှိမှုနှင့် အောင်ဖြင်ဖြစ်ထွန်းနေမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်များ သန့်ရှင်းလက်ဆက်မှုရှိစေရေး၊ ဈေးကွက်တွင်ဈေးကောင်းရရှိစေရန် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျွဲရဲကျေးရွာ၊ မုံရွာမြို့ပတ်လမ်းဘေးတွင် စိုက်ပျိုးထားသော ဆီထွက်နေကြာစံပြ စိုက်ခင်းနှင့် ကျောက်စစ်ပုံကျေးရွာ၊ ကြက်သွန်နီစံပြစိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ပြီး သီးနှံဈေးကွက်များ တည်ငြိမ်မှုရှိစေရေး၊ စိုက်ပျိုးရေ ပြည့်မီစွာရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆီထွက်နေကြာစံပြစိုက်ခင်းနှင့် ကြက်သွန်နီစံပြစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအား နှာခေါင်းစည်း Mark များပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခံတောကျေးရွာ၊ ဆင်းပဒေသာ(၁၁)မြေပဲသီးနှံ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း (IPM) စံပြကွက်သို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်၏ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့နယ်၏ ဆီထွက် သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆင်းပဒေသာ (၁၁)မြေပဲခင်းနှင့် တစ်ရှူးငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ပြီး တောင်သူများအား နှာခေါင်းစည်း Mark များ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပသော ပဲမျိုးစုံသီးနှံပြပွဲသို့ ရောက်ရှိရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်းက တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထားရှိမှုအား လိုက်လံရှင်းလင်းတင်ပြပြီး ပဲမျိုးစေ့များနှင့် ပဲမျိုးစုံသီးနှံဓာတ်မြေသြဇာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ပဲမျိုးစုံသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဈေးကွက်သတင်းအချက် အလက်စနစ် (Market Imformation System) တာဝန်ခံ ဒေါက်တာတင်မာမာဦး က ပဲမျိုး စုံသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခြေခံအချက်အလက်များအား လည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည် အသွေးကောင်းမွန်ရေး ဆောင်ရွက်မည့်အစီအစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် မုံရွာခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများက ခရိုင်/ မြို့ နယ်များအတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပဲမျိုးစုံသီးနှံ အထွက်နှုန်း ကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ တောင်သူနည်းပညာပေးဝန်ထမ်းအဖွဲ့အား ဂုဏ်ပြုငွေများချီးမြင့်ပြီး ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၁)ကြိမ်မြာက် အစည်းအဝေးတက်ရောက်
ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ(၁၇)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်ခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများစိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာ ဓလေ့များကို လေ့လာနိုင်တဲ့ ခရီးသွားဇုန်(၆)ဇုန်နှင့် ခရီးစဉ်(၅၄)နေရာ ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာလကာကွယ်ထိန်းချုပ်၊ စည်းကမ်းချက်များနှင့်အညီ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ကာ တိုင်းဒေသကြီးအတွင်း ပြည်တွင်းခရီးသွားများဖြင့် ခရီး သွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း ” ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှ (၂၈-၁၀-၂၀၂၁)ရက်တွင် ကျင်းပခဲ့သော ခရီးသွားလုပ်ငန်း ကော်မတီ၏ ဆုံးဖြတ်ချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေးထားမှု အခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက် တည်းခို မှုအခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှု အခြေအနေများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင် စင်သက်တမ်းတိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



