slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ပစ္စည်း၊ ဝတ္တူငွေနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး (၄၁/၂၀၂၁) တက်ရောက်

ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ(၁၆)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ၊ သီတာရုံကျောင်းတိုက်သို့ ရောက်ရှိရာ ရွှေဥဒေါင်းကျောင်းတိုက်၊ သတိပဌာန်ကျောင်းတိုက်၊ သစ္စာရောင်ခြည်ကျောင်းတိုက်၊ ဇေယျာသုခကျောင်း တိုက်များရှိ ဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ သုဗောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရထံ လှူဖွယ်ပစ္စည်းနှင့် ကျောင်းထိုင်ဆရာတော်ကြီး တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘဒ္ဒန္တ ဝိဇာတာ ဘိဝံသ ဆရာတော်ကြီး ဆေးကုသရန်အလှူငွေကျပ် (၁၀)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၁)သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်ရှိမှုမရှိအောင် တာဝန်ရှိသူများက အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆေးထိုးနှံနိုင်မှုအပေါ် မူတည်၍ ခွဲဝေပေးမှုကို စနစ်တကျဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  ကာကွယ်ဆေးထိုးနှံခြင်းအား အခြေပြု စနစ်အပြင် ရွေ့လျားစနစ်ဖြင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း ရောဂါကူးဆက်မှု မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာ သွားကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မိမိတို့အနေဖြင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ် လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရ စေရေးအတွက် ပညာပေးမှု၊ ကာကွယ်ရေးပစ္စည်းများ ပေးဝေနေမှုများနှင့် လုပ်ဆောင်မှုတိုင်းတွင် လုံခြုံရေး ဂရုပြု ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဒီဇင်ဘာ ၁၅
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၁၅)ရက်၊ နံနက်(၉)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြား ရာတွင် “ နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအားကစား အဆင့်အတန်းဟာ အဲဒီနိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲများရဲ့ အဆင့်အတန်းရှိမှုအပေါ် မူတည်နေသလို အဆင့်အတန်းရှိသောဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက်လည်း ဘောလုံးနည်းပြ ဆရာကောင်းများ ရှိရန် အထူးအရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်၏ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အသွေးမြင့်မားတဲ့ နည်းပြကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေး စီမံချက်ကိုလည်း မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘောလုံအားကစားရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ကစားကွက်တွေကို သဘောပေါက်နားလည်သွားရမှာဖြစ်ပါကြောင်း၊ ဒီသင်တန်းကရရှိခဲ့တဲ့ အသိပညာဗဟုသုတတွေနဲ့ နည်းပညာတွေကို သင်တန်းမှာမထားခဲ့ဘဲ လက်တွေ့နယ်ပယ်ထဲအထိ အသုံးချနိုင်ဖို့ အမြဲတမ်းလေ့ကျင့် လှုပ်ရှားသင်ယူနေကြဖို့ တိုက်တွန်းလိုပါကြောင်း “ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြင့်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းကို ဒီဇင်ဘာလ(၁၅)ရက် နေ့မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ (၆)ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ (၃၃)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.