၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၄၀/၂၀၂၁)တက်ရောက်
ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဒီဇင်ဘာလ(၁၀)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ် ကွက်ရှိ၊ ဗြဟ္မဝိဟာရကျောင်းတိုက်သို့ ရောက်ရှိရာ မဟာမတောင့်ကျောင်းတိုက်၊ ပညာတော်ကျောင်းတိုက်၊ မဟာကင်းစမ်းကျောင်းတိုက်၊ မဟာဓမ္မရံသီကျောင်းတိုက်များရှိ ဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနိုင်း အစည်းအဝေး (၄၀/၂၀၂၁)သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အား ၅၀% ပြီးစီးရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ခရီးသွားပြည်သူများအား ကာကွယ် ဆေးများထိုးနှံခဲ့ခြင်းသည် များစွာတိုးတက်လာပါကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းအား ရွေ့လျားစစ်နစ်ဖြင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အသက်-၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် စာရင်းများကျန်ရှိမှု မရှိ အောင် တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါသည် ပြီးပြတ်ဦးမည် မဟုတ်သည့်အပြင် အိုမီခရွန်ဗိုင်းရပ်စ် မျိုးကွဲအသစ်အတွက်လည်း ကြိုတင်ပြင်ဆင် စီမံဆောင် ရွက်ထားရှိရမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီ ဂျင်ထုတ်လုပ်သုံးစွဲမှု အခြေအနေများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေ များနှင့် အသက်-၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာကျောင်းများ အခြေပြု၍ ဆေးထိုးနှံရေး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် သက်မှတ်လျာထားချက် ပြည့်မီရေးအတွက် ကာကွယ်ဆေးထိုးနှံမည့် အစီအမံများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်များရှိ နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ဆရာမ သစ်လွင်များမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားများ တက်ရောက်
ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် ဒီဇင်ဘာလ (၉)ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “သင်တန်းမှာပို့ချလိုက်တဲ့ စာတွေ့တွေကို လက်တွေ့မှာအကောင်းဆုံး ဖော်ဆောင်နိုင်ဖို့ တိုက်တွန်းလိုပါကြောင်း၊ စေတနာအရင်းခံနဲ့ စိတ်ဝင်စားမှုတွေကို အခြေခံတဲ့ သင်ကြားပေးမှုများနှင့်အတူ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ရပ်ရွာအကျိုးပြုသော နိုင်ငံသားကောင်းများ မွေးထုတ်ပေးစေလိုပါကြောင်း၊ စွမ်းရည်ပြည့်၀သော ခေတ်ပညာတက် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောင်းအဆိုး အကြောင်းအကျိုး အမှား အမှန်ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်သော တကယ့်ပညာတတ် အစစ်တွေ ပေါ်ထွက်လာနိုင်အောင် သင်ကြားပေးစေလိုပါကြောင်း၊ ပညာတတ်ပြီး မှန်မှန်ကန်ကန်တွေးခေါ်စဉ်းစား ဆင်ခြင်နိုင်စွမ်းမရှိသူများနှင့် ပညာတတ်ပြီး မိမိကိုယ်ကိုလည်း အကျိုးမပြု၊ တိုင်းပြည်ကိုလည်း အကျိုးမပြုသူ မဖြစ်စေရန် ဆရာ၊ ဆရာမတို့က ထိန်းကျောင်းတည့်မတ် သင်ကြားလေ့ကျင့် ပေးစေ လိုပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးတို့က သင်တန်းဆင်း ဆရာ၊ဆရာများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်း ဆရာ၊ဆရာများ ကိုယ်စား ဟုမ္မလင်း ကောလိပ်နှင့် မုံရွာတက္ကသိုလ်တို့မှ ဆရာတစ်ဦးစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ်ရှိ အဆောင်(၈)တွင် ကျင်းပသော နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ကမ္ဘာကြီးသည် လျင်မြန်စွာပြောင်းလဲ တိုးတက် လျက်ရှိသဖြင့် ခေတ်နှင့်အမှီလိုက်နိုင်ရေး၊ နည်းပညာပိုင်းဆိုင်ရာ နောက်ကျမကျန်ခဲ့စေရေးအတွက် သိသင့်သိထိုက်သည် မှန်သမျှ ကို အမြဲမပြတ်ဖတ်ရှု မှတ်သားရန် တိုက်တွန်းလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် IQ ရော EQ ပါ မြင့်မားသော ဆရာ၊ ဆရာမများ ဖြစ်လာအောင် ကြိုးစားပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝတဲ့ လူသားအရင်းအမြစ် များကို မွေးထုတ်ပေး နိုင်ကြပါစလို့ ပြောကြားလိုပါကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး လူမူရေး ဝန်ကြီး ဦးအေးလိူင်တို့က သင်တန်းဆင်း ဆရာ၊ ဆရာများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး မုံရွာစီးပွားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက မွမ်းမံသင်တန်းတွင် သင်ကြားပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်း ဆရာ၊ ဆရာများကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



