slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ ဒီဇင်ဘာ ၇

            စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လည်(၁)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား လူမူရေးရာဖြစ်ရပ်စီမံ ခန့်ခွဲမှု နည်းစနစ်များဖြင့် ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များမှ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် အမျိုးသမီးများအား အကြမ်းဖတ်ခြင်း၊ လစ်လျူရှုခြင်း အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခြင်းတို့မှ ကာကွယ် ပေးနိုင်ရေးနှင့် အမျိုးသမီးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု မရှိစေရေး လူမူဘ၀မျှော်မှန်းချက် ပြည့်မှီစေရန် အမျိုးသမီးများအား အကြမ်းဖက်သောအပြုအမှုများ မပြုလုပ်ကြရန်နှင့် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်သလို အမျိုးသမီးများအနေဖြင့်လည်း အကြမ်းဖက်ခံရသည့် အပြုအမှုများကို ရိုးရာထုံးတမ်းအစဉ်အလာအနေဖြင့် လက်ခံခြင်းမရှိစေရန် လိုအပ် ပါကြောင်း၊ ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်စေရန် “ အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့ ” ဟူ၍ ပြေကြားခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ချောင်းဦးမြို့၊ ဧရိပ်မွန်(၂) အမျိုး သမီးပရဟိတဂေဟာနှင့် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ ချမ်းမြေ့ အမျိုးသမီးပရဟိတဂေဟာတို့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြင့်ပြီး တာဝန်သူများနှင့်အတူ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဆိုင်ရာ Video Clip နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု Video Clip တို့အား ကြည့်ရှုအား ပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

              

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

မုံရွာ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၄)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦးက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးဘေးအန္တရာယ်၊ သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်းထားရှိမှုနှင့် မြို့နယ်များရှိမီးသတ်စခန်းများ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

read more…

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.