slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် နိုဝင်ဘာလ(၂၇)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့်ရရှိရေးများ ဆောင်ရွက်နေမှု၊ ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာ လမ်းများခင်းကျင်းနေမှု လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာအရှေ့ဘက်ကန်ရှိ ပြည်ထောင်စုကျွန်းတွင် အပန်းဖြေလာရောက်ကြမည့် ပြည်သူများ များအတွက် ကျန်းမာရေးနှင့်သန့်ရှင်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ ကန်ဘောင်ပတ်လမ်းနှင့် ကန်အတွင်းသန့်ရှင်းသက်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကန်သာယာအနောက်ဘက်ကန်အတွင်း သန့်ရှင်း သပ်ရပ်ရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းရုံးခန်းတွင် ဆရာ၊ဆရာမ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ဆရာ၊ဆရာမများ နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အခြေ အနေများနှင့် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆရာ၊ဆရာများအတွက် ငွေကျပ်(၅) သိန်းနှင့် ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်)ခုအား ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအား ပေးပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ကာ ကျောင်းခန်းမဆောင် အဆောက် အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆူးလေကုန်း ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာ၊ဆရာ များက ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ၊ ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းအတွက်လိုအပ်ချက်များကို အသီးသီး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆရာ၊ဆရာများအတွက် ငွေကျပ်(၅) သိန်းနှင့် ကျောင်းသား၊ကျောင်းသူများအတွက် နှာခေါင်းစည်း Mark ၁၀၀၀ (တစ်ထောင်)ခုအား ပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံအမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင်  ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်များ အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်များမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းနှင့် စစ်ကိုင်းမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ စစ်ကိုင်းမြို့နယ်အသင်းမှ မုံရွာမြို့နယ်အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမွှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသားပိုက်ကျော်ခြင်း (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဘုတလင် မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၅ သိန်းနှင့် ဒိုင်းဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာ မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၇ သိန်းနှင့် ဒိုင်းဆုအား လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီး မြင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲအား နိုဝင်ဘာလ(၂၃)ရက်မှ နိုဝင်ဘာလ(၂၆)ရက်နေ့ထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၀)မြို့နယ်မှ အားကစားသမား စုစုပေါင်း (၁၅၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.