၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ နိုဝင်ဘာ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေ သကြီးအဆင့်ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် နိုဝင်ဘာလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ အောင်မြေကျောင်းတိုက် ဆရာတော်ကြီးထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘုံ ရတနာမင်္ဂလာနန်တော်သို့ ရောက်ရှိရာ ရွှေဘုံရတနာမင်္ဂလာနန်တော် တာဝန်ခံ ဒေါ်တင်တင်အေးက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နန်းစံခဲ့သော ရွှေဘုံရတနာ မင်္ဂလာနန်းတော်အား လေ့လာရန်ဖွင့်လှဏ်ထားမှုနှင့် နေ့စဉ်ဖွင့်လှစ်ပြီး ဝင်ကြေးကောက်ခံမှု အခြေအနေနှင့် ရွှေတိုက် ဆောင်၊ စာရင်းတိုက်ဆောင်၊ နန်းဦးဘုရားဆောင်၊ ဘိသေကအောင်မြေနှင့် အလောင်းမင်းတရားကြီး အုတ်နန်းပြာသာဒ်ဆောင်တို့အား လှည့်လည်ပြသ ရှင်းလင်းတင်ပြရာ တိုင်းသေကြီး ဝန်ကြီးချုပ်က ရွှေဘုံရတနာ မင်္ဂလာနန်းတော်အတွင်းရှိ အဆောက်အဦများနှင့် ရှေးဟောင်းအမွေအနှစ်များ ပျောက်ပျက်၊ ပျက်စိးမှု မရှိအောင်ထိန်းသိမ်းရေး၊အမြဲသန့် ရှင်းသက်ရပ်နေ စေရေးနှင့် နန်းတော်အတွင်း လာရောက်လေ့လာသူများ ဗဟုသုတရရှိကာ စိတ်ပါဝင်စားအောင် ရှင်းလင်းပြောကြားရေးတို့အား အလေးထား ဆောင်ရွက်ပြင်ဆင်ထားရှိရန် မှာကြားခဲ့သည်။
ယင်းနောက် တိုင်းေးသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့နယ်၊ မျိုးစေ့ဌာနခွဲချီပါမျိုးသန့်ခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးမင်းဆွေက ချီပါမျိုးသန့်ခြံရှိ မျိုးသန့် စပါး စိုက်ပျိုးထုတ်လုပ်မှုများနှင့် မျိုးဖြန့်ဖြူးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက ၂၀၂၀-၂၀၂၁ မိုးသီးနှံတွင် ချီပါမျိုး သန့်ခြံမှ ပေါ်ဆန်းရင်မျိုးကောင်းမျိုးသန့် ဧက ၅၀ နှင့် ဧရာမင်းမျိုးကောင်းမျိုးသန့် ဧက ၂၀ မျိုးသန့် ပွားများ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ရရှိလာသောမျိုးသန့်မျိုးပွားမျိုးစေ့ တင်းပေါင်း ၄၂၃၀ ကို မျိုးဖြန့်ဖြူးနိုင် ခဲ့ကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ခြံအတွင်းစိုက်ပျိုးထားသော ပေါ်ဆန်းရင် (R.S)စပါးမျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ဆိပ်ခွန်ကျေးရွာအနီးရှိ မူးသုံးခွသို့ရောက်ရှိရာ ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်မှ သဖန်းဆိပ်ဆည်ရေအား မူးသုံးခွ မြောင်လက်တံများမှ လယ်မြေ – ၁၀၆၀၀၀ (တစ်သိန်းခြောက်ထောင်) ဧကအား ရေပေးဝေမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆည်ရေသောက်တောင်သူများ၏ စိုက်ပျိုးသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ရေလုံလောက်စွာရရှိရေးမှာ အရေးကြီးပါ၍ ဆည်ရေကိုအလေ အလွင့်မရှိဘဲ လုံလောက်စွာပေးဝေနိုင်ရေးအတွက် မြောင်းလက်တံများ မပျက်စီးရေး၊ ရေစီးဆင်းမှုကောင်းနေစေရေးတို့အတွက် မြောင်းလက်တံများအား အမြဲထိန်းသိမ်း ပြုပြင်ထားရှိရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး မူးသုံးခွဆည်ရေဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စပါးခင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ အုန်းရှစ် ကန်ကျေးရွာအနီးရှိ ရွှေဘိုငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားဖောက်စခန်းသို့ ရောက်ရှိရာ တာဝန်ခံ ဒုတိယ ဦးစီးမှူး ဦးဇော်ဝင်းအောင်က တစ်နှစ်လျှင် နှစ်လက်မအရွယ် ငါးသားပေါက်းအကောင်ရေ ၁၀၅၀၀၀၀ (ဆယ်သိန်းငါးသောင်း) ထုတ်လုပ်နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ငါးသားဖောက်ရန်အတွက် ငါးများမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့၊ စည်ပင်သာယာဈေးကြီးအတွင်း ဈေးဆိုင်ခန်းများ အသစ်ပြန်လည် ဆောက်လုပ်နေမှု တည် ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော်မတီမှ တာဝန် ရှိသူများက ဈေးဆိုင်ခန်း – ၈၈၁ ခန်း ပြန်လည်တည်ဆောက်နေမှုလုပ်ငန်းများနှင့် တည်ဆောက် ရေးလုပ်ငန်းများ၏ ၃၀ % ပြီးစီးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးဆိုင်ခန်းများပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေးကောင်းမွန်ရေး၊ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် လျှပ်စစ်မီးနှင့်ရေသွယ်ယူမှု စနစ်တကျရှိစေရေး ခေတ်နှင့်အညီ အဆင့်တန်းရှိစွာ တည်ဆောက်ရေး၊ သန့်ရှင်းသက်ရပ်မှုကို ထိန်းသိမ်းနိုင်ရေးတို့အား ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်သွားရေးတို့ကို မှာကြားကာ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ(၂၀)ရက်၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ကလေးတက္ကသိုက် အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူး များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကလေးတက္ကသိုလ် ပါမာက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ကလေးတက္ကသိုင် သင်ကြားရေး၊ အုပ်ချုပ်ရေး၊ သန့်ရှင်းသက်ရပ်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ပါမောက္ခချုပ်ဆရာကြီးထံ ကလေးတက္ကသိုလ်ရှိ ဆရာ/ ဆရာမများအတွက် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်း စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ ကျေားင်းအုပ်ဆရာကြီးထံ ငွေကျပ် – ၅ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် Mark ၂၅၀၀ ခုအား ပေးအပ်ခဲ့ပြီး သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလေးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ခရိုင်နှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်နေမှု၊ အခွန်အခကောက်ခံနေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနေမှု၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူ များအား နိုင်ငံသားစီစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှု၊ မြို့သန့်ရှင်းသာယာ သက်ရပ်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးမြို့၊ ကုတင် ၃၀၀ ပြည် သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများ၊ ဆေးကု သမှုခံယူနေသော လူနာများအတွက် ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စားသေက်ဖွယ်ရာများနှင့် အောက်ဆီ ဂျင် ကွန်ဆန်ထွေတာ ၅ လုံး၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် – ၂၀ အိုးအား ဆေးရုံအုပ်ကြီးထံ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများကို မိမိတို့ထမ်းဆောင်ရသည့် တာဝန်များအားကျေပြွန်စွာ ထမ်းဆောင်သွားရေးကို အလေးအနက်ထား မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလး မြို့၊ မင်္ဂလာဥယျာဉ်ကျေးရွာရှိ၊ တောင်သူဦးမောင်မျိုး ကွင်းအမှတ် – ၈၄၃ ၊ စပါးမျိုးကွဲ ဧရာမင်း – ၄.၅၀ ဧက၊ အတန်းအစားသင့်အဆင့်ရှိ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရာက်ရာ ကလေးခရိုင် စက်မှုလယ်ယာဦးစီးမှူးနှင့် တာဝန်ရှိသူများက ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်မြင် ဖြစ်ထွန်းမှု များအား ရှင်းလင်းတင်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများအတူ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးပြီး ၎င်းနေရာအနီးတွင် ဒေသခံတောင်သူ ၆၇ ဦး စိုက်ပျိုးထားသည့် လယ်မြေ- ၃၂၈ ဧက အား အကျိုးပြုမည့် အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ကျောက်ခင်းကုန်ထုတ်လမ်းဖောက်လုပ် နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနိုုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



