slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မော်လိုက်ခရိုင်၊ မော်လိုက်မြို့ ဒေသဖွံံ့ဖြိုးရေး လုပ်ငန်းများနှင့် ကလေးခရိုင်၊ ကလေးဝမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၂၀ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် နိုဝင်ဘာလ(၁၉)ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့၊  အခြေခံပညာအထက်တန်းကျောင်း စုံညီခန်းမတွင် အသက် ၁၂ နှစ်အထက် ကျောင်သား၊ ကျောင်းသူများအား ကိုဗစ် – ၁၉ ရောဂါ ကူးဆက်မှုမရှိစေရေးအတွက် ကာကွယ်ဆေး များထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးထံ ဆရာ၊ဆရာမများနှင့် ကျောင်း သား၊ကျောင်းသူများအတွက် ငွေကျပ် ၅ သိန်းတန်းဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက် – ကလေးဝလမ်း မိုင်တိုင်အမှတ် ၁၈/၁၊ ၁၈/၂ ကြားရှိ တံတားအမှတ်  ၅/၃၀၊  အရှည် – ၄၀ ပေ၊ အကျယ် – ၂၄ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တံတား တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကလေး ဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဆရာတော်ကြိးနှင့် သံဃာတော်များထံ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန် စိမ်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ကလေး၀မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့က မြို့နယ်နှင့်ခရိုင်အတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ အခွန်အခကောက်ခံနေမှု၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကာကွယ်ဆေး များထိုးနှံပေးနေမှု၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု၊  မြို့သန့်ရှင်းသာယာရေးလုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့သောက်သုံရေရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ မြို့သန့်ရှင်းသာယာရေးတို့နှင့်ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများကို မိမိထမ်းဆောင်ရသည့် တာဝန်များအား ကျေပြွန်စွာ ဆောင်ရွက်သွားရေးကို အလေးအနက်ထားမှကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးဝမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ဒေသခံပြည်သူများအား နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြား (၃၇၄) ကတ်အား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်သူများထံ  အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မော်လိုက်ခရိုင်၊ မော်လိုက်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာ ဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ (၁၈)ရက်၊ မွန်းလွဲပိုင်းတွင် မော်လိုက်ခရိုင်၊ မော်လိုက်မြို့ရှိ ကြောင်ပန်းဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ မော်လိုက်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၏ ဆရာတော်ကြီးများထံ  သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက် မြို့၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် ဒေသခံပြည်သူများအား နိုင်ငံ သားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များက ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြား (၇၆၀)ကတ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်သူများထံ  အသီးသီးပေးအပ်ခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက်မြို့ခရိုင် ပြည်သူ့ဆေးရုံ ကုတင်(၅၀)ဆံ့သို့ရောက်ရှိရာ ဆေးရုံအဆောက်အဦအား သပ်ရပ်ကောင်းမွန် စေရေးအတွက် ပြန်လည်မွန်းမံခြင်း၊ ဆေးသုတ်ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးနောက် ဆေးရုံသို့ ရောက်ရှိလာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီး ကြိုဆိုနုတ်ဆက်ကြပါသည်၊ ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆေးရုံ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး မော်လိုက်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် ရုံတက်လူနာများအား  ငွေကျပ် – ၅သိန်း(ငါးသိန်း)တန်ဖိုးရှိ စားသောက် ဖွယ်ရာများနှင့် ၄၀ လီတာဆံ့ အောက်ဆီဂျင် – ၂၀ လုံး၊ အောက်ဆီဂျင် ကွန်ဆန်ထွေတာ – ၅ လုံးတို့အား ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မော်လိုက်မြို့၊ မြို့မ(၂)ရပ်ကွက် အောင်သာယာရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေ ပိုင်းတွင် မော်လိုက်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝဏ္ဏထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးအေးလွင်တို့က မြို့နယ်နှင့်ခရိုင်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်အခကောက်ခံနေမှု၊ အခြေခံပညာကျောင်း များဖွင့်လှစ်ထားရှိမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု၊  မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.