၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဉာဏ်တော် (၅၄)ပေအမြင့်ရှိ ရာပြည့် ကပ်ကျော် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်ပြန်လည်တင်လှူခြင်းနှင့် ရွှေဆေး၊ ရေဆေးရောင် တော်ဖွင့်ခြင်း၊ ရင်ပြင်တော်ပြုပြင်ဆောင်ရွက်ခြင်းနှင့် အခမ်းအနား တက်ရောက်ခြင်း
မုံရွာ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဉာဏ်တော်(၅၄)ပေအမြင့်ရှိ ရာပြည့်ကပ်ကျော် စေတီ တော်မြတ်ကြီးအား စိန်ဖူးတော် ပြန်လည်တင်လှူခြင်းနှင့် ရွှေဆေး၊ရေဆေး ရောင်တော်ဖွင့်ခြင်း၊ ရင်ပြင်တော်ပြုပြင် ဆောင်ရွက်ခြင်း များ ဆောင်ရွက်ပြီးစီး၍ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ (၁၈)ရက်၊ နံနက်(၆)နာရီအချိန်တွင် အဆိုပါ စေတီတော်မြတ်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အာရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ကျင်းပရာ ဆရာတော်၊ သံဃာတော်များက ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဒရုပ်ပွားဆင်းတုတော် မြတ်တို့အား ဗုဒ္ဓဘိသေက အနေကဇာတင်ကြပြီး ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော်မြတ်ကြီး သြဝါဒစရိယ မဟာဇောတိကာရာမစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြည်ညိုပြီး ဆရာတော်အရှင်သူမြတ်များ ထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အုတ်ကန်တောရစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံစိရ့တိဌတု “ သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသော မုံရွာမြို့ပေါ်ရှိ အတိသာရကျောင်းတိုက်၊ မြို့မဂါတ်ကျောင်းတိုက်၊ အောင်ဆုပန်ကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်း တိုက်နှင့် မောင်းထောင်ကျောင်းတိုက်ရှိ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေစည်းခုံ စေတီတော်မြတ်ကြီး ရင်ပြင်တော်နှင့် စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသက်ရပ်ရေးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနား
မုံရွာ နိုဝင်ဘာ ၁၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲ ပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲကို နိုဝင်ဘာလ (၁၆)ရက်၊ နံနက် (၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အဆိုရှင် ရွေးချယ်ပြိုင်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂီတဝါသနာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီ ချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်များအား ရင်းရင်းနှီးနှီးနုုတ်ဆက်ကာ တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များဖြစ်သည့်အတွက် အရည်အသွေးရှိသူများကို စီစစ်ရွေးချယ်ပေးရေး၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်အဆိုရှင်များမှ ဧည့်ခံ ဖျော်ဖြေကြသည်။
ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ဆုရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းများအား ဖတ်ကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အဆိုရှင်များအား ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အထူးဆု (၂)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အထူးဆု(၁)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား လည်းကောင်း ဆုများပေးအပ် ချီးမြင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တတိယဆုရရှိသော ရွှေဘိုခရိုင်ကိုယ်စားပြု ဒေါ်ခင်သက်တင်အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဒုတိယဆု ရရှိသော ခန္တီခရိုင် ကိုယ်စားပြု ဒေါ်စုလက်ဖြူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါဝင်တီးခက်ပေးသော တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြင့် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းခရိုင် ကိုယ်စားပြု ဦးအောင်မြင့်သိန်းအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ပြီး ကူညီဆောင်ရွက်ပေးခဲ့သော အကဲဖြတ်ဒိုင်များကိုယ်စား အဆိုရှင်ဒေါ်သန္တာထံ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ကာ ဆုရရှိကြသူများမှ ပြန်လည်သီဆိုဖျော်ဖြေပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း သီဆိုမှု ပြိုင်ပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



