slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့တွင် ပန်းတိုင် အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာစစ်တမ်းကောက်ယူခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက် ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ များ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ် တမ်းကောက်ယူခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသ ခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးသီးနှံ ၆၀ ကျော်အား ရာသီ အလိုက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ယခုလိုစိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံတော် အတွက် အဓိကအရေးကြီးသည့် သီးနှံ ၁၃ မျိုးအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုး စားဆောင်ရွက်ရန် နိုင်ငံတော်အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပန်းတိုင်ရည်မှန်း ချက်အတိုင်း ထွက်ရှိမှုမရှိသေးသည့်အတွက် လိုအပ်သည့်ပံ့ပိုးထောက်ပံ့မှုများ ဆောင်ရွက်ပေးလို၍ တောင်သူဦးကြီးများနှင့် တွေ့ဆုံကာ လိုအပ်ချက်သိရှိနိုင်ရေး စစ်တမ်းကောက် ယူခြင်းဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူမှုမှရရှိသည့် ပံ့ပိုးဖြည့်ဆည်းပေးရန် လိုအပ် ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့်ဆည်းပေးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည် မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူ ခြင်း လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြ သည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၅၀ ဦးအတွက် သွင်းအားစု ယူရီယားမြေသြဇာများအား ဒေသခံတောင်သူများထံ အသီးသီး ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်နေသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဘော် လီဘောအားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20251217 25

20251217 25

20251217 25

20251217 25

20251217 25

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၅) တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၅

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ဒီဇင်ဘာလ ၁၅ ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေ သကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်း ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရက်ပိုင်းသာလိုတော့သည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ဌာနဆိုင်ရာများက မိမိတို့ အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကျေပွန်အောင်အစွမ်းကုန် အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေ ညာခြင်းကို မကြာမီရက်ပိုင်းတွင် တတိယအကြိမ်အဖြစ် ကပ်ထားကြေညာတော့မည် ဖြစ်သည့်အတွက် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါ သင့်သည့် စာရင်းများပါရှိမှုမရှိစေရေးနှင့် အချက်အလက် မှားယွင်းခြင်းများမရှိစေရေးတို့ အား တာန်ရှိသူအားလုံးက အလေး ထားသတိပြု ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအား လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပေါ်လာနိုင်ရေး တာဝန်ရှိသူအားလုံးမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတစ်ကာများတပ်ဆင်ခြင်းများနှင့် ကြော်ညာဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ် ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မြို့နယ်များသို့ရောက်ရှိပြီးဖြစ်သည့် MEVM မဲပေးစက်များအား စနစ်တကျသိမ်း ဆည်းကာ ကိုင်တွယ်အသုံးပြုသွားကြရန်နှင့် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလအတွင်း လုံခြုံရေးလုပ်ငန်းများအား အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေး မှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ကြို တင်ဆောင်ရွက်နေမှုများ၊ MEVM စက်များ ဖြန့်ဝေရောက်ရှိမှု အခြေအနေများ၊ လူဦးရေ စာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်း ပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီး သီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများ၊ MEVM မဲပေး စက်များဖြန့်ဝေရောက်ရှိမှု အခြေအနေများနှင့် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ်လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20251217 21

20251217 21

20251217 21

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.